ဘာနီဂါ

February 20, 2019

ဆီဗီလာကွင်းလယ်လူ ဘာနီဂါကို ခေါ်ယူရန် အာဆင်နယ် ကြိုးပမ်းမည်

အာဆင်နယ်အသင်းဟာ ဆီဗီလာကွင်းလယ်လူ ဘာနီဂါကို လာမယ့်နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ဆက်ပြီး ကြိုးပမ်းမယ်လို့ သိရပါတယ်။ Mirror သတင်းစာရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်အသင်းဆီ ရောင်းချထားတဲ့ ရမ်ဆေးရဲ့နေရာမှာ အာဂျင်တီးနားကွင်းလယ်လူ ဘာနီဂါနဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့တုန်းကလည်း ဘာနီဂါကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အငှားစာချုပ်နဲ့ အဆင်မပြေတာကြောင့် လက်လွှတ်ခဲ့ရတာလို့ ဆိုပါတယ်။ အာဆင်နယ်အသင်းဟာ ဘာနီဂါကို မခေါ်ယူနိုင်ခဲ့ပေမယ့် ဘာစီလိုနာ ကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်ကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အသက် ၃၁ နှစ်ပြည့်တော့မယ့် ဘာနီဂါအတွက် ပေါင် ၁၇ သန်း ပေးချေရဖို့ရှိတယ်လို့ သိရပါတယ်။
2 years Ago
Up