ဘာနာဒိုဆေးလ်ဗား

March 14, 2019

ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကို မန်စီးတီး သက်တမ်းတိုးစာချုပ် ချုပ်ဆို

မန်စီးတီးလို ထိပ်တန်းအသင်းနဲ့ စာချုပ်သက်တမ်း တိုးခွင့်ရတာဟာ ဂုဏ်ယူစရာ အောင်မြင်မှု ဖြစ်တယ်လို့ ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ပြောပါတယ်။ အသက် ၂၄ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင် ဆေးလ်ဗားကို မန်စီးတီးအသင်းက ၃ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး လက်ကျန်စာချုပ်သက်တမ်းအရ ၂၀၂၅ ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးလ်ဗားအနေနဲ့ လုပ်ခလစာလည်း တိုးမြှင့်ရရှိခဲ့ပြီး တပတ် ပေါင်တသိန်းခွဲ ရရှိမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ သူတို့ရဲ့ ရည်မှန်းချက်အတွက် ကစားသမားတိုင်းကို လိုလေသေးမရှိ ဖြည့်ဆည်းပေးတဲ့အသင်းဖြစ်ပြီး အသင်းရဲ့ ကစားပုံကလည်း စိတ်လှုပ်ရှားမှု ပေးတယ်လို့ ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ ၂၀၁၇ ခုနှစ်က ပြင်သစ်ကလပ် မိုနာကိုအသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး မန်စီးတီးနဲ့ ၂ နှစ်ကြာကာလအတွင်း စုစုပေါင်း ၉၃ ပွဲအထိ ကစားပြီး ၁၈ ဂိုး သွင်းယူထားပါတယ်။
3 years Ago
Up