ဘာဒစ်ခ်ျကို အနိုင်ယူပြီး

July 16, 2017

ဘာဒစ်ခ်ျကို အနိုင်ယူပြီး ဖက်ဒရာ ၀င်ဘယ်ဒန်တင်းနစ် ဗိုလ်လုပွဲ တက်ရောက်

ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နာမည်ကြီး ရော်ဂျာ ဖက်ဒရာက တိုမက်စ် ဘာဒစ်ခ်ျကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ဆွစ်ဇာလန် တင်းနစ်သမား ဖက်ဒရာဟာ ၀င်ဘယ်ဒန်ပြိုင်ပွဲမှာ ၁၁ ကြိမ်မြောက်အဖြစ် ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ဖက်ဒရာက ချက်နိုင်ငံသား ဘာဒစ်ခ်ျကို လက်ရည်အသာနဲ့ ယှဉ်ပြိုင်ပြီး ၃ ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။ အသက် ၃၆ နှစ်အရွယ် ဖက်ဒရာဟာ ၀င်ဘယ်ဒန်ပြိုင်ပွဲမှာ ချန်ပီယံ ၇ ကြိမ် ဖြစ်ဖူးထားပြီး အခုပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားနေသူ ဖြစ်ပါတယ်။ တကယ်လို့ ဖက်ဒရာဟာ ၈ ကြိမ်မြောက်သာ ဗိုလ်စွဲရင် ၀င်ဘယ်ဒန်ပြိုင်ပွဲ သမိုင်းမှာ စံချိန်သစ် တင်နိုင်မှာပါ။ ဖက်ဒရာဟာ ၀င်ဘယ်ဒန် ဗိုလ်လုပွဲမှာတော့ ခရိုအေးရှားက မာရင် ဆစ်လစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
5 years Ago
Up