ဘာထရန်ကို ပရီးမီးယားလိဂ်အသင်းများ အပြိုင်ကမ်းလှမ်းဖွယ်ရှိနေ

April 14, 2018

ဘာထရန်ကို ပရီးမီးယားလိဂ်အသင်းများ အပြိုင်ကမ်းလှမ်းဖွယ်ရှိနေ

ဆောက်သမ်တန်အသင်းကနေ ထွက်ခွာဖို့ရှိတဲ့ နောက်ခံလူ ဘာထရန်ကို ပရီးမီးယားလိဂ်အသင်းတွေက အပြိုင်ကမ်းလှမ်းဖို့ ရှိနေပါတယ်။ ဆောက်သမ်တန်အသင်းဟာ လက်ရှိအချိန်မှာ တန်းဆင်းဇုန်အတွင်း ရပ်တည်နေပြီး  တန်းမဆင်းခဲ့ရရင်တောင် ဘာထရန်အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဘာထရန်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်၊ စပါး၊ နယူးကာဆယ်နဲ့ အဲဗာတန်အသင်းတို့ ပါဝင်နေပါတယ်။ ပြောင်းရွှေ့ကြေးပေါင် ၂၅ သန်း သတ်မှတ်ထားတဲ့ အသက် ၂၈ နှစ်ရှိ ဘယ်နောက်ခံလူ ဘာထရန်ဟာ အခုနှစ်ရာသီမှာ ဆောက်သမ်တန်အသင်းမှာ ပွဲချိန်အများဆုံးကစားထားသလို အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ၁၉ ပွဲ ကစားထားပါတယ်။
3 years Ago
Up