ဘာစီိလိုနာတွင် ကော်တင်ဟို ကျောနံပါတ် ၁၄ ဝတ်ဆင်မည်

January 25, 2018

ဘာစီိလိုနာတွင် ကော်တင်ဟို ကျောနံပါတ် ၁၄ ဝတ်ဆင်မည်

ဘာစီလိုနာကစားသမားသစ် ​ကော်​တင်​ဟိုဟာ ​ကျောနံပါတ် ၁၄ ကို ဝတ်​ဆင်​ကစား​တော့မှာဖြစ်​တယ်​လို့ ဘာစီလိုနာအသင်းက အတည်​ပြုလိုက်​ပါတယ်​။ လီဗာပူးအသင်းက​နေ ​ပေါင် ၁၄၅ သန်းနဲ့ ပြောင်း​ရွှေ့လာခဲ့တဲ့ ​ကော်​တင်​ဟိုဟာ ​ကျောနံပါတ် ၇ ကို ဝတ်​ဆင်​ကစားလို​ပေမယ့် ဘာစီလိုနာအသင်းက​တော့ ​ကျောနံပါတ် ၇ ကို အက်​သလက်​တီကိုမက်​ဒရစ်​အသင်းက ဂရစ်​ဇ်​မန်းကို​ ခေါ်ယူပြီး ဝတ်​ဆင်​ကစား​စေမယ်​လို့ သတင်း​တွေ ထွက်​​နေတာပါ။ ​ကော်​တင်​ဟိုရဲ့ ​ကျောနံပါတ်​ ၁၄ ကို ​ဂျော်​ဒီခရိုက်​ဖ်​၊ ဟင်​နရီတို့ ဝတ်​ဆင်​ကစားခဲ့ပြီး ​နောက်​ဆုံး ဝတ်​ဆင်​ကစားခဲ့တာဟာ အသင်းက​နေ မကြာ​သေးခင်​ကမှ ထွက်​ခွာဖို့ အတည်​ပြုခဲ့တဲ့ မာ​ရှေရာနိုပဲ ဖြစ်​ပါတယ်​။ ​ကော်​တင်​ဟိုဟာ အက်​စ်​ပန်​ညိုအသင်းနဲ့ပွဲစဉ် လူစာရင်းမှာ ပါဝင်​လာဖို့ ရှိနေပါတယ်​။
3 years Ago
Up