ဘာစီလိုနာ ၅-၂ ဘယ်လ်ကာနို၊ နေမာတဦးတည်း ၄ ဂိုးသွင်း (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

October 18, 2015

ဘာစီလိုနာ ၅-၂ ဘယ်လ်ကာနို၊ နေမာတဦးတည်း ၄ ဂိုးသွင်း (ရုပ်သံဟိုက်လိုက်)

ဒီနေ့မနက် အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းက ဘယ်လ်ကာနိုအသင်းကို ၅-၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ ဘာစီလိုနာအသင်းအတွက် တိုက်စစ်မှူး နေမာ တဦးတည်းက ၄ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၂၂ နဲ့ ၃၂ မိနစ်တွေမှာ ပင်နယ်တီ ၂ လုံးနဲ့ ၆၉ နဲ့ မိနစ် ၇၀ တွေမှာ ၂ လုံး သွင်းယူခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး ၅ လုံးမြောက်ဂိုးကိုတော့ လူးဝစ် ဆွာရက်စ်က ပွဲချိန် ၇၇ မိနစ်မှာ သွင်းယူခဲ့တာပါ။ ဘယ်လ်ကာနိုအသင်းအသင်းအတွက် ဂိုးတွေကိုတော့ ပထမပိုင်း ၁၅ မိနစ်မှာ ဂျာဗွီ ဂူးအဲရာက ၁ ဂိုးနဲ့ ၈၆ မိနစ်မှာ ဂျိုဇဘက်က ၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါ အမှတ်ပေးဇယားမှာ ၈ ပွဲကစား ရမှတ် ၁၈ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပြီး ဘယ်လ်ကာနိုအသင်းကတော့ ၈ ပွဲကစား ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up