ဘာစီလုိနာ လူငယ္တုိက္စစ္မႉး ဒမ္ဘီလီ ပြန်လည်ကစားနိုင်တော့မည်

January 4, 2018

ဘာစီလိုနာ လူငယ်တိုက်စစ်မှူး ဒမ်ဘီလီ ပြန်လည်ကစားနိုင်တော့မည်

ဘာစီလိုနာအသင်းက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ဒမ်ဘီလီဟာ ဒဏ်ရာကောင်းမွန်လာတာကြောင့် ပွဲထွက်ကစားနိုင်တော့မယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ပြင်သစ်လူငယ် ကစားသမား ဒမ်ဘီလီအတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၉၆ ဒသမ ၈ သန်းနဲ့ ဒေါ့မွန်အသင်းကနေ ခေါ်ယူခဲ့တာပါ။ ဒမ်ဘီလီအနေနဲ့ ဘာစီလိုနာအတွက် ၃ ပွဲသာ ကစားရသေးပြီး စက်တင်ဘာ ၁၆ ရက်က ကစားခဲ့တဲ့ ဂီတာဖေးနဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရခဲ့တာကြောင့် ၄ လလောက် အနားယူခဲ့ရတာပါ။ ဒမ်ဘီလီအနေနဲ့ ဇန်နဝါရီ ၅ ရက်နေ့မှာ ကစားမယ့် ဆယ်လ်တာဗီဂိုနဲ့ ကိုပါဒယ်ရေး ဖလားပွဲမှာ ပြန်လည်ပွဲထွက်လာဖို့ရှိတယ်လို့ သိရပါတယ်။
4 years Ago
Up