ဘာစီလိုနာ-ဂျူဗင်တပ်စ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပွဲကြို

June 28, 2015

ကာလို့စ်တိဗက်ဇ် ဘိုကာဂျူနီယာအသင်းကို ပြောင်းရွှေ့

အီတလီစီးရီးအေကလပ် ဂျုဗင်တပ် တိုက်စစ်မှူး ကာလို့စ် တိဗက်ဇ်ဟာ အာဂျင်တီးနားကလပ် ဘိုကာ ဂျုနီယာအသင်းကို ပြောင်းရွှေ့သွားပါတယ်။ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ကစားသမားဘ၀ကို ဘိုကာဂျုနီယာအသင်းနဲ့ပဲ စတင်ခဲ့ပြီး ၂၀၀၄ မှာ ဥရောပကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ဥရောပမှာ ၉ နှစ်ကြာ ကစားအပြီးမှာ အာဂျင်တီးနားကို ပြန်သွားတာပါ။ သူဟာ ၀က်စ်ဟမ်း၊ မန်စီးတီးနဲ့ မန်ယူတို့မှာ ကျင်လည်ခဲ့ပါတယ်။ တိဗက်ဇ်ဟာ ပြီးခဲ့တဲ့ စီးရီးအေ ရာသီမှာ ဂိုးပေါင်း ၂၀ သွင်းပေးထားပြီး ဂျုဗင်တပ်ကို ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။ တိဗက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားပြီး ချိတ်ဆက်တဲ့ အသင်းတွေထဲမှာ လီဗာပူး၊ အက်သလက်တီကို မက်ဒရစ်နဲ့ ပဲရစ်စိန့်ဂျာမိန်းအသင်းတွေ ပါဝင်ပါတယ်။ စီးရီးအေ ချန်ပီယံ ဂျုဗီကတော့ သူ့နေရာမှာ အစားထိုးဖို့ အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူး မန်ဇူကစ်ကို ခေါ်ယူထားပါတယ်။ တိဗက်ဇ်ဟာ ဥရောပမှာ ကစားတဲ့ အချိန်တွေအတွင်း အင်္ဂလန်မှာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အီတလီမှာ စီးရီးအေဖလား ၂ ကြိမ် ရဖူးထားပါတယ်။
6 years Ago

June 23, 2015

အက်သလက်တီကို တိုက်စစ်မှူး မန်ဇူကစ်ကို ဂျူဗင်တပ် ခေါ်ယူ

စပိန် အက်သလက်တီကို မက်ဒရစ်အသင်း တိုက်စစ်မှူး မာရီယို မန်ဇူကစ်ကို အီတလီကလပ် ဂျူဗင်တပ်အသင်းက ခေါ်ယူလိုက်ပါတယ်။ ခရိုအေးရှား တိုက်စစ်မှူး မန်ဇူကစ်ကို ဂျူဗင်တပ်က ပေါင် ၁၃ သန်းကျော်ပေးပြီး ၄ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီကမှ ဘိုင်ယန်မြူးနစ်ကနေ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်ကို ရောက်ရှိလာတာပါ။ သူဟာ အက်သလက်တီကို အသင်းအတွက် ပြီးခဲ့တဲ့ရာသီမှာ ၄၃ ပွဲ ကစားပေးထားပြီး ဂိုး ၂၀ သွင်းယူထားပါတယ်။ ဂျူဗင်တပ်အသင်းကို သဘောကျပြီး အဲဒီမှာ ပျော်ရွှင်ဖို့ မျှော်လင့်ကြောင်း မန်ဇူကစ်က ပြောပါတယ်။ တိုက်စစ်မှူး မန်ဇူကစ်ရဲ့ အသင်းသစ် ဂျူဗင်တပ်ဟာ အီတလီ စီးရီးအေမှာ လက်ရှိ ချန်ပီယံ ဖြစ်ပြီး ချန်ပီယံဗိုလ်လုပွဲကိုလည်း တက်ရောက်နိုင်ခဲ့ပါတယ်။
6 years Ago
More News
Up