ဘာစီလိုနာအသင်းက

June 2, 2017

ဘာစီလိုနာအသင်းက သူ့အား လွမ်းဆွတ်နေလိမ့်မည်ဟု အဲလ်ဗက်စ်ပြော

ဂျူဗင်တပ်စ်အသင်းရဲ့ ညာနောက်ခံကစားသမား ဒန်နီရယ်အဲလ်ဗက်စ်ဟာ အသင်းဟောင်း ဘာစီလိုနာအသင်းအနေနဲ့ သူ့ကို လွမ်းဆွတ်နေလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ အဲလ်ဗက်စ်က ဘာစီလိုနာအသင်း ဘုတ်အဖွဲ့ဝင်တွေကို နောက်ဆုံးစကားတခွန်းပြောခဲ့ကြောင်း၊ အဲ့စကားကတော့ သူထွက်သွားတဲ့အချိန်ကျရင် အသင်းဟာ လွမ်းဆွတ်နေရလိမ့်မယ်လို့ ပြောကြားခဲ့ကြောင်း သူကဆိုပါတယ်။ ဘာစီလိုနာအသင်းနဲ့အတူ ၈ နှစ်ကြာ ကစားသမား သက်တမ်းအတွင်း ဖလားပေါင်း ၂၄ လုံးထိ ရရှိခဲ့သူဖြစ်ပြီးတော့ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ပထမဆုံးရာသီမှာတင် အမှတ်ပေးဖလား ဆွတ်ခူးပေးနိုင်ခဲ့ပြီး အခုရာသီမှာလည်း အမှတ်ပေးဖလားထပ်ရပြီး ချန်ပီယံလိဂ်မှာလည်း ရီးရဲလ်အသင်းနဲ့ ဖိုင်နယ်ကစားဖို့ရှိနေပါတယ်။ အဲလ်ဗက်စ်ဟာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲက တဦးဖြစ်ပြီးတော့ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့နဲ့ သဘောထားမတိုက်ဆိုင်တာကြောင့် အသင်းနဲ့လမ်းခွဲခဲ့တာပဲဖြစ်ပါတယ်။ သူ့အနေနဲ့ အသက် ၃၄ နှစ်ဖြစ်နေပြီဆိုပေမယ့် နောက်ထပ်ဖလားတွေ အများကြီးရယူပေးပြီးတော့ ပရိသတ်တွေကို သက်သေပြလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
4 years Ago
Up