ဘာစီလုိနာတုိက္စစ္မႉး ဒမ္ဘီလီ ဒဏ်ရာကြောင့် ၄ လခန့်နားရမည်

September 19, 2017

ဘာစီလိုနာတိုက်စစ်မှူး ဒမ်ဘီလီ ဒဏ်ရာကြောင့် ၄ လခန့်နားရမည်

ဘာစီလိုနာအသင်းက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ဒမ်ဘီလီဟာ ဒဏ်ရာကြောင့် ၄ လလောက် အနားယူရတော့မယ်လို့ သိရပါတယ်။ တောင်ပံကစားသမား ဒမ်ဘီလီဟာ ဂီတာဖေးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ပေါင်ဒဏ်ရာ ရရှိခဲ့တာပါ။ ဒဏ်ရာအခြေအနေဟာ အရွတ်ထိခိုက်သွားတာကြောင့် ခွဲစိတ်ကုသရမှာဖြစ်ပြီး လာမယ့် တပတ်အတွင်းမှာ အရွတ်ဒဏ်ရာ အထူးဆရာဝန်ရှိတဲ့ ဖင်လန်နိုင်ငံမှာ သွားရောက်ကုသမှာဖြစ်တယ်လို့ ဘာစီလိုနာအသင်းက သတင်းထုတ်ပြန်ပါတယ်။ ပြင်သစ်လက်ရွေးစင် ဒမ်ဘီလီဟာ ဒီနှစ်နွေရာသီမှာ ဒေါ့မွန်အသင်းကနေ ယူရို ၁၀၅ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး ယူရိုသန်း ၁၅၀ အထိ ပေးချေရဖို့ရှိတာကြောင့် နေမာပြီးရင် ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားဖြစ်ပါတယ်။ ဒမ်ဘီလီအနေနဲ့ အခုလို အနားယူရတော့မှာဖြစ်တဲ့အတွက် အက်သလက်တီကို၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ကစားမယ့် လာလီဂါပွဲစဉ်တွေကိုလည်း လွဲချော်မှာဖြစ်ပါတယ်။
4 years Ago
Up