ဘာစီလိုနာက ဂီဂျွန်းကို ၆ ဂိုးပြတ်နိုင်၊ ဆွာရက်စ်တဦးတည်း ၄ ဂိုးသွင်း (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

April 24, 2016

ဘာစီလိုနာက ဂီဂျွန်းကို ၆ ဂိုးပြတ်နိုင်၊ ဆွာရက်စ်တဦးတည်း ၄ ဂိုးသွင်း (ရုပ်သံဟိုက်လိုက်)

ဧပြီ ၂၃ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါပွဲစဉ်တွေမှာတော့ ဘာစီလိုနာအသင်းက စပို့တင်းဂီဂျွန်းအသင်းကို ၆ ဂိုးပြတ်အနိုင်ရရှိသွားပါတယ်။ ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ တဖက်သတ် ဘောလုံးအသာစီးရယူပြီး ဂိုးပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအတွက် အနိုင်ဂိုးတွေကိုတော့ လူးဝစ်ဆွာရက်စ်တဦးတည်းက ခြေစွမ်းပြ ၄ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ကျန်တဲ့ ၂ ဂိုးကိုတော့ မက်ဆီနဲ့ နေမာတို့က အသီးသီးသွင်းယူခဲ့ကြတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ၃၅ ပွဲကစား ရမှတ် ၈၂ နဲ့ ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နေပြီး စပို့တင်း ဂီဂျွန်းအသင်းကတော့ ၃၅ ပွဲကစား ၃၂ မှတ်နဲ့ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရပါတယ်။
5 years Ago
Up