ဘာစီလိုနာ ၅ ဂိုးပြတ်နိုင်ပြီး အမှတ်ပေးဇယား ဆက်လက်ဦးဆောင်

A d v e r t i s e m e n t With Us

May 9, 2016

ဘာစီလိုနာ ၅ ဂိုးပြတ်နိုင်ပြီး အမှတ်ပေးဇယား ဆက်လက်ဦးဆောင် (ရုပ်သံဟိုက်လိုက်)

စပိန် လာလီဂါပွဲစဉ် ၃၇ အဖြစ် ဘာစီလိုနာနဲ့ အက်စ်ပန်ညိုတို့ မေလ ၈ ရက်ည ယှဉ်ပြိုင်ရာ ဘာစီလိုနာက ၅ ဂိုးပြတ်သွင်းပြီး အနိုင်ရလို့ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ထားနိုင်ပါတယ်။ စပိန်လာလီဂါ အမှတ်ပေးပြိုင်ပွဲ ပြီးဆုံးခါနီးအချိန်ထိ ထိပ်ဆုံးသုံးသင်းဖြစ်တဲ့ ဘာစီလိုနာ၊ အက်သလက်တီကို မက်ဒရစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ အမှတ်ပေးချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေကြတာပါ။ ဒါကြောင့်လည်း ဘာစီလိုနာဟာ ဒီပွဲအတွက် အမှားအယွင်းမခံဘဲ ဇယားအောက်ခြေက အသင်းဖြစ်တဲ့ အက်စ်ပန်ညိုကို ပေါ့ပေါ့တန်တန် မကစားဘဲ အလေးထား ယှဉ်ပြိုင်ခဲ့လို့ အခုလို ဂိုးပြတ်အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၈ မိနစ်မှာ မက်ဆီ၊ ၅၂ မိနစ်နဲ့ ၆၁ မိနစ်တို့မှာ ဆွာရက်ဇ်၊ ၇၄ မိနစ်မှာ ရာဖင်ဟာနဲ့ ၈၃ မိနစ်မှာ နေမာတို့က အသီးသီး သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာဟာ ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းအထိ အသာစီးရယူနိုင်ခဲ့သလို ဂိုးကန်သွင်းခွင့်တွေမှာလည်း အပြတ်အသတ် အသာစီး ရယူနိုင်ခဲ့တာပါ။ ဒီပွဲအနိုင်ရတဲ့အတွက် ဘာစီလိုနာဟာ ရမှတ် ၈၈ မှတ်နဲ့ ဒုတိယနေရာက ရီးရဲလ်ကို တမှတ်အသာရပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။ အက်စ်ပန်ညိုကတော့ ရမှတ် ၄၀ နဲ့ အမှတ်ပေးဇယား အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up