ဘာစီလိုနာ - အက်စ်ပန်ညို

January 7, 2016

ဘာစီလိုနာ ၄ - ၁ အက်စ်ပန်ညို (ရုပ်သံဟိုက်လိုက်)

ဇန်န၀ါရီလ ၆ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ကိုပါဒယ်ရေ ဖလားပြိုင်ပွဲ ၁၆ အသင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ ဘာစီလိုနာက အက်စ်ပန်ညိုကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူ သွားပါတယ်။ ပွဲအစ ၉ မိနစ်မှာ အက်စ်ပန်ညိုက ဦးဆောင်ဂိုး သွင်းယူနိုင်ပေမယ့် ဘာကာအတွက် ချေပဂိုးကို ၁၃ မိနစ်မှာ တိုက်စစ်မှူး မက်ဆီက သွင်းယူပါတယ်။ ဒုတိယဂိုးကိုလည်း ၄၄ မိနစ်မှာ မက်ဆီကပဲ သွင်းယူပါတယ်။ မက်ဆီ ဒီပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာက အသစ်ခေါ်ယူထားတဲ့ တူရန်နဲ့ ဗီဒယ်လည်း ဒီပွဲမှာ ပါဝင် ကစားသွားပါတယ်။ ဒီပွဲဟာ အကြိအနယ်နဲ့ ပြိုင်ဆိုင်မှု ပြင်းထန်လို့ အ၀ါကဒ်တွေလည်း ပလူပျံခဲ့ပါတယ်။ အက်စ်ပန်ညို ကစားသမား ၂ ယောက် အထုတ်ခံရပြီး ၉ ယောက်တည်းနဲ့ ယှဉ်ပြိုင်သွားရပါတယ်။ ဘာကာအတွက် တတိယဂိုးကို နောက်တန်းသမား ပီကေး၊ အပိတ်ဂိုးကို တိုက်စစ်မှူး နေမာက သွင်းယူပါတယ်။ ဘာကာအသင်းဟာ ကိုပါဒယ်ရေဖလားပြိုင်ပွဲ ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို အဝေးကွင်းမှာ လာမယ့် ၁၆ ရက်နေ့မှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
6 years Ago
Up