ဘာစီလိုနာအသင်းရဲ့ နောက်ခံလူ အမ်တီတီကို ခေါ်ယူဖို့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ စပါးအသင်းတို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အသက် ၂၆ နှစ်အရွယ် ကမ္ဘာ့ဖလားချန်ပီယံဆုရရှိထားသူ နောက်ခံကစားသမား အမ်တီတီဟာ ဘာစီလိုနာအသင်းကို ၂၀၁၆ ခုနှစ်က လိုင်ယွန်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။
လက်တလော ဒူးဒဏ်ရာ ခြေချင်းဝတ်ဒဏ်ရာတွေကြောင့် ဘာစီလိုနာအသင်းရဲ့ စိတ်ကြိုက်ကစားသမားစာရင်းမှာ ပါဝင်ခြင်းမရှိတော့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
မော်ရင်ဟိုရဲ့ တော့တင်ဟမ်ဟော့စပါးအသင်းကတော့ နောက်ခံကစားသမား အင်အားတောင့်တင်းဖို့အတွက် အဓိကရည်ရွယ်ထားတာပါ။
အာဆင်နယ်အသင်းကတော့ အဓိကအားနည်းချက်ဖြစ်တဲ့ နောက်တန်းပြဿနာကို ဖြေရှင်းဖို့အတွက် ရည်ရွယ်နေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဟယ်ရီမက်ဂွိုင်းယား ဒဏ်ရာရရှိသွားခဲ့ခြင်းနဲ့ အတူ နောက်ခံကစားသမားသစ်တဦး မဖြစ်မနေ ဖြည့်တင်းဖို့ လိုအပ်နေတာကြောင့် အခုလို အပြိုင်ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။
အမ်တီတီဟာ ဘာစီလိုနာအသင်းနဲ့အတူ စပိန်ဖလားချန်ပီယံ၊ လာလီဂါချန်ပီယံဆု နှစ်ကြိမ်၊ ကိုပါဒယ်ရေးချန်ပီယံဆုတွေရရှိထားပြီး ကမ္ဘာ့ဖလားချန်ပီယံဆုရရှိခဲ့တဲ့ ဗိုလ်လုပွဲမှာလည်း မိနစ် ၉၀ လုံး ပါဝင်ကစားပေးခဲ့သူ ဖြစ်ပါတယ်။
1 year Ago