ဘာစီလိုနာ နည်းပြသစ်

October 2, 2021

ဘာစီလိုနာ နည်းပြသစ် လျာထားစာရင်းတွင် လီဗာပူးနည်းပြ ယာဂန်ကလော့ပ် ပါဝင်

ဘာစီလိုနာအသင်းဟာ လက်ရှိနည်းပြ ကိုးမန်းကို ထုတ်ပယ်ပြီး နည်းပြသစ်ခန့်ဖို့ စီစဉ်နေရာမှာ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဘာစီလိုနာအသင်းဟာ ဘယ်လ်ဂျီယံ နည်းပြ ရောဘက်တို မာတီနက်ဇ်၊ အသင်းဂန္ထဝင်ကစားသမား ဇာဗီ၊ ဂျူဗင်တပ်နည်းပြဟောင်း ပီယာလိုနဲ့ ရေးဗားပလိတ်နည်းပြ မာဆယ်လိုဂယ်လာဒိုတို့ကို ကနဦး လျာထားစာရင်းမှာ ထည့်သွင်းထားတာပါ။

လက်ရှိအချိန်မှာတော့ လီဗာပူးအသင်းကို အောင်မြင်မှုတွေ ရယူပေးထားတဲ့ ဂျာမန်နည်းပြ ယာဂန်ကလော့ပ်ကိုလည်း နည်းပြသစ် လျာထားစာရင်းမှာ ထည့်သွင်းထားတယ်လို့ စပိန်သတင်းစာ အယ်နာရှင်နယ်သတင်းက ဖော်ပြခဲ့ပါတယ်။

ကလော့ပ်ဟာ လီဗာပူးအသင်းနဲ့ ၂၀၂၄ ခုနှစ်အထိစာချုပ်ချုပ်ထားပြီး သက်တမ်းကုန်ဆုံးချိန်အထိ ဆက်နေမယ်လို့ အရိပ်အမြွက် ပြောခဲ့ဖူးပါတယ်။

အသက် ၅၄ နှစ်ရှိ နည်းပြကလော့ပ်ဟာ ၂၀၀၁ ခုနှစ်မှာ မိန့်ဇ်အသင်းနဲ့ နည်းပြဘဝစတင်ခဲ့ပြီး ၂၀၀၈ ကနေ ၂၀၁၅ ခုနှစ်အထိ ဒေါ့မွန်ကို ကိုင်တွယ်ခဲ့ကာ အဲဒီနောက် လီဗာပူးကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

3 weeks Ago
Up