ဘာစီလိုနာအသင်းက ကွင်းလယ်ကစားသမား ဆာဂျီယို ဘတ်စ်ကွတ်ကို ၅ နှစ် စာချုပ် သက်တမ်း တိုးလိုက်ပါတယ်။
စာချုပ်သစ်ကြောင့် ကွင်းလယ်သမား ဘတ်စ်ကွတ်ဟာ ဘာကာမှာ ၂၀၂၃ အထိ ရှိနေမှာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် စပိန် ကွင်းလယ်သမားဟာ ပြီးခဲ့တဲ့ မေလထဲမှာ စာချုပ်သစ် အတွက် သဘောတူခဲ့တာပါ။
ဘွတ်စ်ကွတ်ဟာ ၂၀၀၈ မှာ ဘာကာအသင်းအတွက် ပုံမှန် ကစားခွင့် ရတာ ဖြစ်ပြီး အသင်းနဲ့အတူ လာလီဂါ ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ရထားပါတယ်။ ဒါ့အပြင် ကိုပါဒယ်ရေ ဖလားကို ၄ ကြိမ် ဆွတ်ခူးထားပါတယ်။
4 years Ago