ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတွေက ခေါ်ယူမယ်ဆိုရင် အသင်းပြောင်းရွှေ့ဖို့ ရှိတယ်လို့ လက်စတာစီးတီး တောင်ပံတိုက်စစ်မှူး မာရက်ဇ်က ၀န်ခံ ပြောကြားလိုက်ပါတယ်။
အယ်လ်ဂျီးရီးယား တောင်ပံကစားသမား မာရက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့သူ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်လို့ ဆက်ကစားလိုပေမယ့် ကမ္ဘာ့ထိပ်တန်းနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတို့က ခေါ်ယူဖို့ ကမ်းလှမ်းရင်တော့ ငြင်းဆန်နိုင်မှာ မဟုတ်ဘူးလို့ မာရက်ဇ်က ဆိုပါတယ်။
လက်စတာအသင်းဟာ ထိပ်တန်းအသင်း မဟုတ်တာကြောင့် ပရီးမီးယားလိဂ်ဖလား ထပ်မံရယူနိုင်ဖို့ မလွယ်တော့ဘူးလို့လည်း မာရက်ဇ်က ဆက်ပြောပါတယ်။
မာရက်ဇ်ဟာ ပရီးမီးယားလိဂ်အဖွင့်မှာ ပင်နယ်တီကနေ တဂိုးသွင်းခဲ့ပေမယ့် ဟားလ်စီးတီးကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
5 years Ago