နေမာဟာ အကောင်းဆုံးကစားသမား ၃၀ ဦးစာရင်းမှာတောင် မပါဝင်တဲ့သူဖြစ်တယ်လို့ ဘာစီလိုနာအသင်း ဥက္ကဋ္ဌလောင်း တိုနီဖရီချာက ပြောပါတယ်။
အသင်းဥက္ကဋ္ဌဟောင်း ဘာတိုမြူက နေမာကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ဥက္ကဋ္ဌလောင်းစာရင်းမှာ ပါဝင်နေတဲ့ တိုနီဖရီချာကတော့ နေမာကို ပြန်လည်ခေါ်ယူမှာ မဟုတ်ကြောင်း အတည်ပြုသွားခဲ့တာပါ။
နေမာရဲ့ စွမ်းဆောင်ရည်က ဥရောပရဲ့အကောင်းဆုံးကစားသမား ၃၀ ဦးစာရင်းမှာတောင် မပါဝင်နိုင်တဲ့အတွက် မိမိသာ ဥက္ကဋ္ဌနေရာ ရွေးကောက်ခံရပါက နေမာကို ပြန်ခေါ်မှာမဟုတ်ဘူးလို့ တိုနီဖရီချာက ပြောပါတယ်။
အသင်းအတွက် အရေးကြီးဆုံးက ဘာစီလိုနာအသင်း ကိုယ်တိုင်သာဖြစ်ပြီး တခြားဘယ်သူ့အပေါ်မှာ တည်မီမနေဘူးလို့လည်း ဥက္ကဋ္ဌရာထူး အတွက်ဝင်ပြိုင်မယ့် တိုနီဖရီချာကပြောပါတယ်။
နေမာဟာ ဘာစီလိုနာအတွက် ၉၃ ပွဲမှာ ၇၃ ဂိုးသွင်းယူပေးခဲ့ပြီး ၂၀၁၇ ခုနှစ်က ပီအက်စ်ဂျီအသင်းဆီပေါင် သန်း ၂၀၀ ခန့်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
2 years Ago