ဘာစီလိုနာအသင်း မန်ယူကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ်ဆီမီးတက်

April 17, 2019

ဘာစီလိုနာအသင်း မန်ယူကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ်ဆီမီးတက် (ရုပ်သံ)

မနေ့ညက ကန်သွားတဲ့ ဥရောပ ချန်ပီယံလဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ပွဲစဉ်မှာ အိမ်ရှင် ဘာစီလိုနာအသင်းက မန်ချက်စတာယူနိုက်တက်ကို (၃-၀)နဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း ရလဒ် (၄-၀)နဲ့ ဘာစီလိုနာ အသင်း ဆီမီးဖိုင်နယ် တက်သွားပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီရဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်ကို မန်ယူ နောက်ခံလူ စမောလင်းနဲ့ ဖီးလ်ဂျုံးတို့ မထိန်းချုပ်နိုင်ခဲ့တာကြောင့်လည်း ပွဲကစားချိန် မိနစ် ၂၀ အတွင်းမှာ ဘာစီလိုနာတို့ ဦးဆောင်ဂိုး ၂ဂိုးရယူနိုင်ခဲ့ပါတယ်။ မန်ယူရဲ တိုက်စစ်ပိုင်းက ရက်ရှ်ဖိုဒ့်ရရှိတဲ့ အခွင့်အရေးတချို့ကို အသုံးမချိနိုင်သလို တသင်းလုံးကို ကြည့်ရင် ပေါ့ဘာတဦးတည်းသာ အကောင်းဆုံးပေးပို့ဖန်တီးပေးခဲ့ပြီး တခြားကွင်းလယ်ကစားသမားတွေကတော့ ၂ကြိမ်လောက်ပဲ ဖန်တီးပေးပို့နိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းကတော့ ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှုကောင်းကောင်းနဲ့ ကစားခဲ့ပြီး  ပွဲကစားချိန် ၆၁ မိနစ်မှာ ကော်တင်ဟိုရဲ့ ဝေ့ဝိုက်ကန်ချက်က မန်ချက်စတာယူနိုက်တက်အသင်း ပြန်လာနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သေချာစေခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် ပရိတ်သတ်တွေကတော့ ပီအက်စ်ဂျီနဲ့  ရှုံးထွက်အဆင့်မှာ တုန်းကလို့ ဒုတိယအကျော့မှာ အနိုင်ပြန်ရဖို့ မျှော်လင့်ခဲ့ကြပေမယ့် ဘာစီလိုနာကို  ထပ်မံ အရေးနိမ့်ပြီး ချန်ပီယံလိဂ် အိမ်မက်တွေ တစစီ ကျိုးပျက်ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ပထမအကျော့မှာ မန်ယူကို ၁ ဂိုးဂိုးမရှိနဲ့ နိုင်ခဲ့ပြီး နှစ်ကျော့်ပေါင်း ရလဒ် ၄ ဂိုးဂိုးမရှိနဲ့ အနိုင်ရလို့ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ပေါ်တို၊ လစ်ဗာပူးနှစ်သင်းထဲက အနိုင်ရရှိတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
3 years Ago
Up