ဘာစီလိုနာအသင်း၏ လက်ရှိကစားပုံအပေါ် ပရိသတ်များ ကျေနပ်နေမည်မဟုတ်ဟု ပီကေး ပြော

February 21, 2017

ဘာစီလိုနာအသင်း၏ လက်ရှိကစားပုံအပေါ် ပရိသတ်များ ကျေနပ်နေမည်မဟုတ်ဟု ပီကေး ပြော

ဘာစီလိုနာအသင်းရဲ့ လက်ရှိကစားပုံအပေါ် ပရိသတ်တွေအနေနဲ့ ကျေနပ်ပျော်ရွှင်မှာ မဟုတ်ဘူးဆိုတာကို နားလည်ပေးနိုင်တယ်လို့ နောက်တန်းကစားသမား ဂျရတ် ပီကေးက ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီကို ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားသလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က လာလီဂါ အိမ်ကွင်းပွဲစဉ်မှာလည်း တန်းဆင်းဇုန်နားကပ်နေတဲ့ လီဂါနက်စ်ကို ၂ ဂိုး ၁ ဂိုးနဲ့ပဲ အနိုင်ရထားပါတယ်။ ပရိသတ်တွေအနေနဲ့ အခုထက်ပိုကောင်းတဲ့ ကစားပုံကို မြင်ချင်တာ နားလည်နိုင်တယ်လို့လည်း ဆိုထားပါတယ်။ ဘာစီလိုနာအသင်းရဲ့ လက်ရှိကစားပုံနဲ့ ရလဒ်မကောင်းတဲ့အပေါ် ပရိသတ်တွေက စိတ်ပျက်နေတာပါ။ ဒါပေမယ့်လည်း ဘာစီလိုနာအသင်းဟာ စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်နေသလို ကျန်တဲ့ပြိုင်ပွဲတွေမှာလည်း ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။
4 years Ago
Up