ဘာစီလိုနာအသင်း

September 17, 2016

ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့မဖြစ်နိုင်ဟု နေမာပြော

ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ မဖြစ်နိုင်ဘူးလို့ ဘရာဇီးတိုက်စစ်မှူးနေမာက ပြောကြားလိုက်ပါတယ်။ နေမာအနေနဲ့ ပြီးခဲ့တဲ့နွေရာသီက ပီအက်စ်ဂျီအသင်းနဲ့ဆွေးနွေးခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ တာနဲ့ ပတ်သက်ပြီး အခုလိုဖြေရှင်းလိုက်တာပါ။ ဘာစီလိုနာကနေ ထွက်ပြီး တခြားအသင်းတသင်းမှာ ကစားနေတာမျိုးကို ကိုယ့်ကိုကိုယ်တောင် မြင်ကြည့်လို့မရသလို ဘာစီလိုနာအသင်းမှာ အရေးပါတဲ့အစိတ်အပိုင်းတခုအဖြစ် ခံစားရတဲ့ အတွက် ဘယ်အသင်းကိုမှပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ နေမာက ဆိုပါတယ်။ အသင်းများစွာနဲ့ ဆွေးနွေးခဲ့ပေမယ့် ဘာစီလိုနာအသင်းကို ကိုယ့်အိမ်လိုခံစားမိလို့ အသင်းပြောင်းရွှေ့မှာ မဟုတ်ဘူးလို့လည်း နေမာက ဆိုပါတယ်။ အသက် ၂၄ နှစ်ရှိ နေမာဟာ ဆဲလ်တစ်ကို ၇ ဂိုးပြတ်အနိုင်ရတဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ခြေစွမ်းပြခဲ့ပြီး ကိုယ်တိုင် ၁ ဂိုး သွင်းခဲ့သလို ဂိုးဖန်တီးမှု ၄ ကြိမ်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။
6 years Ago
Up