ဘာစီလိုနာမှ နေမာ ထွက်ခွာရန် မျှော်လင့်ဟု ရာမို့စ် ပြော

August 1, 2017

ဘာစီလိုနာမှ နေမာ ထွက်ခွာရန် မျှော်လင့်ဟု ရာမို့စ် ပြော

ဘာစီလိုနာကနေ နေမာ ထွက်ခွာဖို့ မျှော်လင့်တယ်လို့ ပြိုင်ဘက် ရီးရဲလ်လ်မက်ဒရစ် အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်က ပြောကြားလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ပြိုင်ဘက် ဘာစီလိုနာအသင်းမှာ တိုက်စစ်မှူး နေမာ မရှိတော့ဘူးဆိုရင် ထိန်းချုပ်ရမယ့် ကစားသမားတဦး လျော့သွားမယ်လို့ ရာမို့စ်က ဆိုပါတယ်။ ဘာစီလိုနာက ရီးရဲလ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ နိုင်ငံတကာ ချန်ပီယံဖလားပွဲစဉ်အပြီးမှာ သတင်းထောက်တွေရဲ့အမေးကို ရာမို့စ်က အခုလို ဖြေကြားခဲ့တာပါ။ နေမာကို ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ ကျော်နဲ့ ခေါ်ယူလိုနေတာပါ။ ဘာစီလိုနာဘက်ကလည်း နေမာကိုရောင်းချဖို့ စိတ်ကူးမရှိပေမယ့် ကစားသမားဘက်က အသင်းပြောင်းရွှေ့ချင်တယ်ဆိုရင်တော့ ရောင်းချဖို့ ပြင်ဆင်ထားပြီး သူ့နေရာမှာ အစားထိုးဖို့ ကစားသမားတွေနဲ့လည်း ချိတ်ဆက်နေပါတယ်။
4 years Ago
Up