နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး ကစားသမားတွေ နားလည်နိုင်မှု မရှိသေးကြောင်း ဘာစီလိုနာ နည်းပြ ဆက်တီယန်က ပြောပါတယ်။
ဘာစီလိုနာအသင်းဟာ ဗလင်စီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
နည်းပြသစ် ဆက်တီယန်အတွက် ပထမဆုံး ရှုံးပွဲဖြစ်ခဲ့ပြီး ခြေစွမ်းလည်း ကောင်းမွန်မူမရှိခဲ့ပါဘူး။
ပွဲအပြီးမှာတော့ ကစားသမားတွေအနေနဲ့ မိမိရဲ့ နည်းစနစ်ကစားကွက်ကို ကောင်းကောင်း နားလည်မှုမရှိသေးတာကြောင့် အမှားအယွင်းများခဲ့ပြီး ဗလင်စီယာအသင်းက အဲဒီအမှားတွေကို အသုံးချသွားခဲ့တာလို့ နည်းပြ ဆက်တီယန်က ပြောပါတယ်။
အသက် ၆၁ နှစ်ရှိ နည်းပြ ဆက်တီယန်ဟာ ထုတ်ပယ်လိုက်တဲ့ နည်းပြဗယ်ဗာဒီရဲ့နေရာမှာ အစားထိုး ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာနည်းပြသစ် ဆက်တီယန်ဟာ ဂရန်နာဒါနဲ့ ယူဒီအီဘက်ဇာတို့နဲ့ ကစားခဲ့တဲ့ ၂ ပွဲမှာတော့ အနိုင်ရလဒ်ရယူနိုင်ခဲ့ပေမယ့် ဗလင်စီယာနဲ့ တတိမြောက် ပွဲစဉ်မှာ ရှုံးပွဲကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။
1 year Ago