ဘာစီလိုနာက ပေါင်သန်း ၉၀ ဖြင့် ကော်တင်ဟိုကို ကမ်းလှမ်းမှု လီဗာပူး ပယ်ချ

August 11, 2017

ဘာစီလိုနာက ပေါင်သန်း ၉၀ ဖြင့် ကော်တင်ဟိုကို ကမ်းလှမ်းမှု လီဗာပူး ပယ်ချ

လီဗာပူးအသင်းဟာ ကွင်းလယ်ကစားသမား ကော်တင်ဟိုအတွက် ဘာစီလိုနာအသင်းရဲ့ ပေါင်သန်း ၉၀ နဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ ဘာစီလိုနာအသင်း တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့ကတည်းက ကော်တင်ဟိုကိုခေါ်ယူဖို့ လီဗာပူးအသင်းဆီ လာရောက်ဆွေးနွေးခဲ့တာပါ။ ပထမတကြိမ်တုန်းကလည်း ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းခဲ့ပြီး လီဗာပူးအသင်းက ပယ်ချထားတာပါ။ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး နေမာကို ရောင်းချထားတဲ့အတွက် သူ့နေရာမှာ ကော်တင်ဟိုနဲ့ အစားထိုးဖို့ မျှော်မှန်းထားပါတယ်။ လီဗာပူးနည်းပြ ဂျာဂင်ကလော့ကလည်း အသင်းရဲ့ အဓိက ကစားသမား ကော်တင်ဟိုကို ဆက်ထိန်းဖို့ ဆန္ဒရှိနေပြီး ဘာစီလိုနာရဲ့ ပြောင်းရွှေ့ကြေး မြင့်မားစွာပေးပြီး ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလက်ရွေးစင် ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ရာသီကမှ အသင်းနဲ့ ၅ နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားတာကြောင့် ဘာစီလိုနာအသင်းအနေနဲ့ ခေါ်ယူဖို့ အခက်အခဲ တွေ့နေပါတယ်။
4 years Ago
Up