ဘာစီလိုနာက ကော်တင်ဟိုကို ခေါ်ယူရန် ပေါင် ၁၃၈ သန်းဖြင့် စတုတ္ထအကြိမ် ကမ်းလှမ်း

August 24, 2017

ဘာစီလိုနာက ကော်တင်ဟိုကို ခေါ်ယူရန် ပေါင် ၁၃၈ သန်းဖြင့် စတုတ္ထအကြိမ် ကမ်းလှမ်း

ဘာစီလိုနာအသင်းဟာ လီဗာပူးကစားသမား ကော်တင်ဟိုကို ခေါ်ယူဖို့ ပေါင် ၁၃၈ သန်းနဲ့ စတုတ္ထအကြိမ် ကမ်းလှမ်းလိုက်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ကော်တင်ဟိုအတွက် ကနဦး လက်ငင်းငွေ ပေါင် ၁၀၁ သန်း ပေးချေမှာဖြစ်ပြီး ခြေစွမ်းအပေါ်မူတည်ကာ နောက်ထပ် ပေါင် ၃၇ သန်းပေးမယ်လို့ လီဗာပူးအသင်းကို ကမ်းလှမ်းလိုက်တာပါ။ ဘာစီလိုနာအသင်းဟာ တတိယအကြိမ် ကမ်းလှမ်းမှုအဖြစ် ပေါင် ၁၁၄ သန်းနဲ့ ကမ်းလှမ်းခဲ့တုန်းက လီဗာပူးအသင်းက ရောင်းချဖို့ ငြင်းဆန်ထားပါတယ်။ လီဗာပူးအသင်းအနေနဲ့ ကော်တင်ဟိုကို ဆက်ထိန်းထားလိုပေမယ့် ကစားသမားဘက်က အသင်းပြောင်းရွှေ့ခွင့် တောင်းဆိုထားတဲ့အတွက် အခက်တွေ့နေရပါတယ်။ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး နေမာကို ရောင်းချထားတဲ့အတွက် သူ့နေရာမှာ အစားထိုးဖို့ ကော်တင်ဟိုကို အလိုရှိနေတာပါ။ ကော်တင်ဟိုကို ခေါ်ယူဖို့အတွက် ပထမဆုံး ကမ်းလှမ်းမှုအဖြစ် ပေါင် ၇၂ သန်း၊ ဒုတိယအကြိမ် ကမ်းလှမ်းမှုအဖြစ် ပေါင်သန်း ၉၀ နဲ့ မက်လုံးပေးခဲ့ပေမယ့် လီဗာပူးအသင်းက အကြိမ်ကြိမ် ပယ်ချခဲ့တာဖြစ်ပါတယ်။
4 years Ago
Up