မနေ့ညက စပိန်လာလီဂါပွဲစဉ်မှာ ဘာစီလိုနာက ဂရန်နာဒါကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဘာစီလိုနာအတွက် ဦးဆောင်ဂိုးကို ၄၄ မိနစ်မှာ တိုက်စစ်မှူး ဆွာရက်က သွင်းယူပါတယ်။
အိမ်ရှင် ဂရန်နာဒါအတွက် ချေပဂိုးကို မိနစ် ၅၀ မှာ ပြန်လည်သွင်းယူပါတယ်။
ဂရန်နာဒါအသင်းဟာ တန်းဆင်းဇုံထဲမှာ ရုန်းကန်နေရတဲ့အသင်းလည်း ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းမှာ တိုက်စစ်မှူး မက်ဆီ ပွဲပယ်ခံထားရတဲ့အတွက် ပါဝင်ခြင်းမရှိပါဘူး။
ဒီပွဲမှာ ဘာစီလိုနာကပဲ တဘက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ကစားနိုင်ခဲ့ပါတယ်။
ဘာစီလိုနာအတွက် ဒုတိယဂိုးကို ၆၄ မိနစ်မှာ အယ်ခေဆာက သွင်းယူပါတယ်။
ဒီပွဲမှာ ဘာစီလိုနာက ထိုးဖောက်ကန်သွင်းခွင့် ၂၆ ကြိမ်အထိ ရခဲ့ပါတယ်။
ပွဲကစားချိန် ၈၂ မိနစ်မှာ ဂရန်နာဒါ ကစားသမားတဦး ဖျက်တာကြမ်းလို့ အထုတ်ခံလိုက်ရပါတယ်။
ဘာကာအတွက် တတိယဂိုးကို ၈၃ မိနစ် ရာကီတစ်၊ အပိတ်ဂိုးကို အချိန်ပို ၉၁ မိနစ်မှာ တိုက်စစ်မှူး နေမာက သွင်းယူပါတယ်။
ဒီပွဲနိုင်လို့ ဘာစီလိုနာက ၆၆ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က တပွဲလျော့ ကစားထားတဲ့ ရီရဲလ်မက်ဒရစ်ရဲ့ နောက် ၂ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
4 years Ago