ဘာစီလိုနာကို အနိုင်ယူပြီး အက်သလက်တီကို ချန်ပီယံလိဂ် ဆီမီးတက် (ရုပ်သံဟိုက်လိုက်)

April 14, 2016

ဘာစီလိုနာကို အနိုင်ယူပြီး အက်သလက်တီကို ချန်ပီယံလိဂ် ဆီမီးတက် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် ကွားတာဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာတော့ စပိန်လာလီဂါက အက်သလက်တီကို မက်ဒရစ်က ဘာစီလိုနာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ပထမပိုင်း ၃၆ မိနစ်မှာ အန်တိုနီယို ဂတ်စ်မင်းက အဖွင့်ဂိုးသွင်းယူသွားခဲ့ပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၈၈ မိနစ်မှာတော့ ဂတ်စ်မင်းကပဲ ပင်နယ်တီကနေတဆင့် ဒုတိယဂိုးကို သွင်းယူသွားခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာ နောက်တန်းကစားပုံညံ့ဖျင်းခဲ့ပြီး ဂတ်စ်မင်းကို ကပ်မကစားဘဲ လွှတ်ထားခဲ့တဲ့အတွက် အခုလို ဂိုးတွေပေးလိုက်ရတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ဘောလုံးပိုင်ဆိုင်မှု ၇၇ ရာခိုင်နှုန်းအထိရှိခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့်တွေလည်း အသာစီးရခဲ့ပါတယ်။ ပထမအကျော့ ဘာစီလိုနာကွင်းမှာတော့ ၂ ဂိုး ၁ ဂိုးနဲ့ ဘာစီလိုနာက အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့မှာ အက်သလက်တီကိုက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရလို ၂ ပွဲပေါင်း ရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ အက်သလက်တီကိုက ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။
6 years Ago
Up