ဘာစီနည်းပြဟောင်း

September 6, 2020

အသင်းထက် မည်သူမျှ အရေးမကြီးကြောင်း ဘာစီနည်းပြဟောင်း သုံးသပ်

ဘာစီလိုနာအသင်းအထက် ဘယ်သူ တဦးတယောက်ကမှ အရေးမကြီးကြောင်း နည်းပြဟောင်း အင်းနရစ်က သုံးသပ်ပါတယ်။  ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင် မက်ဆီကို အသင်းမှာ ဆက်ရှိနေဖို့ ကြိုးပမ်းခဲ့ တာပါ။  မက်ဆီဘက်ကတော့ အသင်းကနေ ထွက်ခွာဖို့  ပြင်ဆင်ထားခဲ့ပေမယ့် စာချုပ်ဖျက်သိမ်း ကြေး ယူရိုသန်း ၇၀၀အထိ ပေးရမှာနဲ့ပတ်သက်လို့ ဘာစီလိုနာနဲ့ တရားရင်ဆိုင်တာမျိုး မလုပ်ချင် တာကြောင့် အသင်းမှာ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။  ဘာစီလိုနာကို ၂၀၁၄ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိ နည်းပြချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ စပိန် နည်းပြ အင်းနရစ်ကတော့ ဘာစီလိုနာလို သမိုင်းအစဉ်အလာကြီးမားတဲ့ အသင်းက  ကစားသမား တွေနဲ့ အသင်းဥက္ကဋ္ဌထက် ပိုအရေးကြီးပြီး မက်ဆီ မရှိတော့ရင်လည်း ဆုဖလားတွေ ရယူဖို့ ဆက်ပြီး ရယူနိုင်လိမ့်မယ်လို့ အင်းနရစ်က သုံးသပ်ခဲ့တာပါ။  မက်ဆီအနေနဲ့လည်း အနှေးနဲ့အမြန်ဆိုသလို အသင်းကနေ ထွက်ခွာမှာဖြစ်ပြီး အံ့အား သင့်စရာကောင်းတဲ့ ကစားသမားဘဝကို ဆက်ပြီးဖြတ်သန်းနိုင်လိမ့်မယ်လို့ အင်းနရစ်က သုံးသပ် ခဲ့ပါတယ်။ 
1 year Ago
Up