ဘာစီ

September 13, 2015

စပိန်လာလီဂါ ရီးရဲလ်နှင့်ဘာစီ အနိုင်ရ၊ ရော်နယ်ဒိုတဦးတည်း ၅ ဂိုးသွင်း (ရုပ်သံ)

စက်တင်ဘာ ၁၂ ရက်နေ့ ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ ပွဲစဉ်တွေမှာ နာမည်ကြီး ၂ သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ နိုင်ပွဲ ကိုယ်စီ ရသွားပါတယ်။ ဘာစီလိုနာက အဝေးကွင်းမှာ အက်သလက်တီကို မက်ဒရစ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ ဘာကာအတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူးတွေ ဖြစ်တဲ့ နေမာနဲ့ မက်ဆီတို့က သွင်းယူပါတယ်။ ဒီပွဲမှာ မက်ဆီဟာ ဘာကာအတွက် ၂၈၇ ဂိုးမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကတော့ အဝေးကွင်းမှာ အက်စပန်ညိုကို ၆ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။ ဒီပွဲမှာ ဘန်စီမာက ၁ ဂိုးနဲ့ တိုက်စစ်မှူး ရော်နယ်ဒို တဦးတည်းက ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၀၉  မှာ ရီးရဲလ်ကို စရောက်တဲ့ ရော်နယ်ဒိုအတွက်တော့ သွင်းဂိုး ၂၃၀ ပြည့်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ လောလောဆယ် အမှတ်ပေးဇယားမှာ ဘာစီလိုနာ ၉  မှတ်နဲ့ ဦးဆောင်နေပြီး ရီးရဲလ်မက်ဒရစ်က ၇ မှတ်နဲ့ အဆင့် ၂ မှာ ရပ်တည်နေပါတယ်။
6 years Ago

August 6, 2015

ပက်ဒရို အပြောင်းအရွှေ့ မန်ယူနှင့် ဘာစီ သဘောတူ

စပိန်လာလီဂါက ဘာစီလိုနာ ကစားသမား ပက်ဒရို အပြောင်းအရွှေ့အတွက် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ သဘောတူညီချက် ရရှိသွားပြီ ဖြစ်ပါတယ်။ အပြောင်းအရွှေ့အတွက် ပေါင် ၁၈ ဒသမ ၁ သန်းနဲ့ သဘောတူညီခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ပေါင် ၄ ဒသမ ၂ သန်းကို အပိုကြေးအနေနဲ့ ပေးဖို့ သဘောတူညီခဲ့ပါတယ်။ နေမာနဲ့ မက်ဆီတို့ကလည်း မကြာသေးမီကမှ အသင်းကို ပြန်ရောက်တဲ့အတွက် ဆီဗီလာနဲ့ စူပါကပ်ပြိုင်ပွဲမှာ ပွဲချိန်ပြည့် ကစားနိုင်မှာ မဟုတ်တဲ့အတွက် ဒီပွဲပြီးမှ ပက်ဒရိုကို လက်လွှတ်မယ့် အခြေအနေ ရှိနေပါတယ်။ အရင်က မန်ယူနည်းပြ ဗန်ဂေါကလည်း အသက် ၂၈ နှစ်အရွယ် ပက်ဒရိုလို ကစားသမား အသင်းမှာ မရှိဘူးလို့ ၀န်ခံထားခဲ့ပါတယ်။ ပက်ဒရိုကတော့ ဘာစီလိုနာအတွက် ၃၁၈ ပွဲမှာ ၉၈ ဂိုး သွင်းပေးထားခဲ့သလို ဘာစီလိုနာ နည်းပြ အင်းနရစ်ကလည်း သူ့ကို အသင်းမှာ ဆက်ရှိစေချင်နေပါတယ်။
6 years Ago
Up