ဘာကလေ၏ နောက်ကျချေပဂိုးဖြင့် အဲဗာတန်နှင့် ဟားလ်စီးတီး သရေကျ

December 31, 2016

ဘာကလေ၏ နောက်ကျချေပဂိုးဖြင့် အဲဗာတန်နှင့် ဟားလ်စီးတီး သရေကျ (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ အဖြစ် ဟားလ်စီးတီးနဲ့ အဲဗာတန်တို့ ဒီဇင်ဘာ ၃၀ ရက်ညက ယှဉ်ပြိုင်ရာ အဲဗာတန်က ကွင်းလယ်လူ ဘာကလေရဲ့ နောက်ကျချေပဂိုးနဲ့ ၂ ဂိုးစီ သရေကျသွားပါတယ်။ ဟားလ်စီးတီးအိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ အဖွင့်ဂိုးကိုလည်း အိမ်ရှင်အသင်းကရခဲ့ပြီး ပွဲအစ ၆ မိနစ်မှာပဲ ဒေါ်ဆင်က သွင်းယူပေးခဲ့တာပါ။ ဇယားအောက်ဆုံးရောက်နေတဲ့ ဟားလ်စီးတီးတို့ရဲ့ ရုန်းကန်အားကြောင့် ဒီပွဲမှာ အဲဗာတန်တို့ အခက်တွေ့ခဲ့ရပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ဟားလ်စီးတီးဂိုးသမား ဘောလုံးကို လက်နဲ့ပုတ်ထုတ်ရာက ကိုယ့်ဂိုးကိုယ်သွင်းမိလို့ အဲဗာတန် ချေပဂိုးရပြီး ပထမပိုင်းမှာ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ အဲဗာတန်ဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ အသာစီးရယူနိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုးတွေကိုတော့ ဟားလ်စီးတီးကပဲ ရယူခဲ့တာပါ။ ပွဲချိန် ၆၅ မိနစ်မှာ ဟားလ်စီးတီးအတွက် ရောဘတ် စနော့ဒ်ဂရတ်စ်က ဒုတိယဂိုးသွင်းယူပေးခဲ့ပြီး ၈၄ မိနစ်မှာ ရော့စ်ဘာကလေက အဲဗာတန်အတွက် ချေပဂိုး သွင်းယူပေးခဲ့လို့ ၂ ဂိုးစီသရေနဲ့ ပွဲပြီးသွားခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ အဲဗာတန်က ၂၇ မှတ်နဲ့ အဆင့် ၇ မှာ ရှိနေပြီး ဟားလ်စီးတီးကတော့ ၁၃ မှတ်နဲ့ အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up