ဘာကာရိုကို

August 14, 2018

ချဲလ်ဆီးကွင်းလယ်လူ ဘာကာရိုကို အေစီမီလန်သို့ အငှားဖြင့် ပြောင်းဖွယ်ရှိ

ချဲလ်ဆီးကွင်းလယ်လူ ဘာကာရိုကိုဟာ အေစီမီလန်အသင်းဆီ အငှားထွက်ကစားရဖို့ ရှိနေပါတယ်။ ချဲလ်ဆီးနည်းပြ ဆာရီဟာ နာပိုလီက ဂျော်ဂျင်ဟိုနဲ့ ရီးရဲလ်က ကိုဗာဆစ်တို့ကို ခေါ်ယူထားတာကြောင့် ဘာကာရိုကိုကို သူ့ရဲ့လူစာရင်းကနေ ဖယ်ထုတ်ထားတယ်လို့ ဆိုပါတယ်။ ချဲလ်ဆီးကွင်းလယ်မှာ ဖာဘရီဂတ်စ်နဲ့ ဘာကလေတို့အပြင် ဒရင့်ဝါးတားနဲ့ လော့ဖ်တပ်စ်ချိတို့လည်း ရှိနေတာကြောင့် ကွင်းလယ်ကစားသမား ၂ ဦးလောက်ကို အငှားချဖို့ ရှိနေပါတယ်။ ဘာကာရိုကိုဟာ ပြီးခဲ့တဲ့နှစ်က မိုနာကိုအသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ပရီးမီးယားလိဂ် ၂၅ ပွဲ ကစားခွင့်ရခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဘာကာရိုကိုကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားခွင့်ပြုမှာ ဖြစ်ပေမယ့် ရာသီအကုန်မှာ အပြီးသတ်ရောင်းချဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
5 years Ago
Up