ဘာကလေ

September 19, 2019

ပင်နယ်တီ လွဲချော်ခဲ့သည့် ချဲလ်ဆီး ကွင်းလယ်လူ ဘာကလေ ဝေဖန်ခံနေရ(ရုပ်သံ)

ဗလင်စီယာနဲ့ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်မှာ အဆုံးအဖြတ် ပင်နယ်တီ လွဲချော်ခဲ့တဲ့ ချဲလ်ဆီး ကွင်းလယ်လူ ဘာကလေဟာ ဝေဖန်မှုတွေ ခံနေရပါတယ်။ ချဲလ်ဆီးအသင်းဟာ ဗလင်စီယာနဲ့ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်မှာ ချေပဂိုး ရနိုင်မယ့် အခွင့်အရေးအဖြစ် ပင်နယ်တီ ရခဲ့ပေမယ့်လည်း ကွင်းလယ်လူ ဘာကလေ လွဲချော်ခဲ့တာကြောင့် ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ရတာပါ။ ဘာကလေဟာ  ပြီးခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်းမှာ နိုင်ငံနဲ့ ကလပ်အသင်းတွေအတွက် ပြိုင်ပွဲအဆင့် ပင်နယ်တီ သွင်းဂိုး ၃ ဂိုးသာ သွင်းယူဖူးတာ ဖြစ်ပါတယ်။ ဝါရင့် ကစားသမားတွေ ဖြစ်ကြတဲ့ ယော်ဂင်ညိုနဲ့ ဝီလီယံတို့ ကန်သွင်းသင့်ခဲ့ပေမယ့် ပင်နယ်တီ ကန်နေကျ ကစားသမား မဟုတ်တဲ့ ဘာကလေကို ကန်စေခဲ့တဲ့အပေါ်မှာ ဝေဖန်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ဘာကလေဟာ အသင်းဖော်တွေကို လေးစားမှု မရှိသူ ဖြစ်တယ်လို့လည်း ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဂူဂျွန်ဆင်က ဝေဖန်ခဲ့ပါတယ်။  နည်းပြ လမ်းပတ်ကတော့ ဘာကလေဘက်ကနေ ကာကွယ်သွားခဲ့ပြီး ပင်နယ်တီသွင်းဖို့ တာဝန်ပေးထားသူ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ========================= ပင္နယ္တီ လြဲေခ်ာ္ခဲ့သည့္ ခ်ဲလ္ဆီး ကြင္းလယ္လူ ဘာကေလ ေဝဖန္ခံေနရ(႐ုပ္သံ) DVB ဗလင္စီယာနဲ႔ ခ်န္ပီယံလိဂ္အုပ္စု အဖြင့္ပြဲစဥ္မွာ အဆုံးအျဖတ္ ပင္နယ္တီ လြဲေခ်ာ္ခဲ့တဲ့ ခ်ဲလ္ဆီး ကြင္းလယ္လူ ဘာကေလဟာ ေဝဖန္မႈေတြ ခံေနရပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ဗလင္စီယာနဲ႔ ခ်န္ပီယံလိဂ္အုပ္စု အဖြင့္ပြဲစဥ္မွာ ေခ်ပဂိုး ရႏိုင္မယ့္ အခြင့္အေရးအျဖစ္ ပင္နယ္တီ ရခဲ့ေပမယ့္လည္း ကြင္းလယ္လူ ဘာကေလ လြဲေခ်ာ္ခဲ့တာေၾကာင့္ ၁ ဂိုး ဂိုးမရွိနဲ႔ ရႈံးနိမ့္သြားခဲ့ရတာပါ။ ဘာကေလဟာ  ၿပီးခဲ့တဲ့ ၇ ႏွစ္တာ ကာလအတြင္းမွာ ႏိုင္ငံနဲ႔ ကလပ္အသင္းေတြအတြက္ ၿပိဳင္ပြဲအဆင့္ ပင္နယ္တီ သြင္းဂိုး ၃ ဂိုးသာ သြင္းယူဖူးတာ ျဖစ္ပါတယ္။ ဝါရင့္ ကစားသမားေတြ ျဖစ္ၾကတဲ့ ေယာ္ဂင္ညိဳနဲ႔ ဝီလီယံတို႔ ကန္သြင္းသင့္ခဲ့ေပမယ့္ ပင္နယ္တီ ကန္ေနက် ကစားသမား မဟုတ္တဲ့ ဘာကေလကို ကန္ေစခဲ့တဲ့အေပၚမွာ ေဝဖန္မႈေတြ ရွိခဲ့တာ ျဖစ္ပါတယ္။ ဘာကေလဟာ အသင္းေဖာ္ေတြကို ေလးစားမႈ မရွိသူ ျဖစ္တယ္လို႔လည္း ခ်ဲလ္ဆီး တိုက္စစ္မႉးေဟာင္း ဂူဂြၽန္ဆင္က ေဝဖန္ခဲ့ပါတယ္။ နည္းျပ လမ္းပတ္ကေတာ့ ဘာကေလဘက္ကေန ကာကြယ္သြားခဲ့ၿပီး ပင္နယ္တီသြင္းဖို႔ တာဝန္ေပးထားသူ ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။
2 years Ago
Up