ဘဟားမားကျွန်းနိုင်ငံအနီ

September 14, 2019

ဘဟားမားကျွန်းနိုင်ငံအနီးတွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နေ

ဘဟားမားကျွန်းနိုင်ငံအနီးမှာ စက်တင်ဘာလ ၁၃ ရက်နေ့က အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းတခု ဖြစ်ပေါ်နေတာကြောင့်  မိုးတွေရွာပြီး လေပြင်းတွေတိုက်ခတ်နေပါတယ်။ ဘဟားမားကျွန်းဟာ အခုလအစောပိုင်းမှာ အင်အားပြင်း ဟာရီကိန်းမုန်တိုင်း ဒိုရီယံကြောင့် နေအိမ် ၁၃၀၀၀ ကျော် ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်နေရဆဲပါ။ ဒါ့ကြောင့် ဘာဟားကျွန်းနားမှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းကြောင့် မုန်တိုင်းဒဏ်သင့်ဒေသတွေဆီကို စားနပ်ရိက္ခာတွေနဲ့ သောက်သုံးရေတွေ ပို့ဆောင်မယ့် လုပ်ငန်းစဉ်တွေ  နှောင်းနှေးနိုင်တယ်လို့ အမျိုးသားအရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီ ပြောခွင့်ရက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  စက်တင်ဘာ ၁ ရက်နေ့မှာ ဟာရီကိန်းမုန်တိုင်း ဒိုရီယံဟာ မုန်တိုင်းအင်အား အဆင့် ၅၊ တစ်နာရီအများဆုံး လေတိုက်နှုန်း ၁၈၅ မိုင်နှုန်းနဲ့ ဘဟားမားကျွန်းနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့တာပါ။  မုန်တိုင်း ဒိုရီယံကြောင့် ဘဟားမားကျွန်းမှာ လူအယောက် ၅၀ ထက်မနည်းသေဆုံးခဲ့ပြီး အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဘဟားမားဝန်ကြီးချုပ်က ပြောထားပါတယ်။  ဒါပြင် လူပေါင်း ၁၃၀၀ ကျော် ပျောက်ဆုံးနေပြီး လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေး၊ စားနပ်ရိက္ခထောက်ပံ့ရေးနဲ့ ခိုလှုံရေးစခန်းတွေမှာ နေရာချထားပေးရေး စတဲ့လုပ်ငန်းစဉ်တွေကို အဓိကလုပ်နေတယ်လို့ ဘဟားမားအစိုးရက ပြောပါတယ်။  မုန်တိုင်းဒဏ်ကြောင့် ဆိုးဆိုးရွားရွား ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဘဟားမားကျွန်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ပြီး အကူအညီ ပေးသွားဖို့ကိုလည်း ကတိပြုခဲ့ပါတယ်။ ===================== ဘဟားမားကြၽန္းႏိုင္ငံအနီးတြင္ အပူပိုင္းဆိုင္ကလုန္းမုန္တိုင္း ျဖစ္ေပၚေန DVB ဘဟားမားကြၽန္းႏိုင္ငံအနီးမွာ စက္တင္ဘာလ ၁၃ ရက္ေန႔က အပူပိုင္း ဆိုင္ကလုန္း မုန္တိုင္းတခု ျဖစ္ေပၚေနတာေၾကာင့္  မိုးေတြ႐ြာၿပီး ေလျပင္းေတြတိုက္ခတ္ေနပါတယ္။ ဘဟားမားကြၽန္းဟာ အခုလအေစာပိုင္းမွာ အင္အားျပင္း ဟာရီကိန္းမုန္တိုင္း ဒိုရီယံေၾကာင့္ ေနအိမ္ ၁၃၀၀၀ ေက်ာ္ ပ်က္စီးခဲ့ၿပီး ျပန္လည္ထူေထာင္ေရး လုပ္ငန္းေတြ လုပ္ေနရဆဲပါ။ ဒါ့ေၾကာင့္ ဘာဟားကြၽန္းနားမွာ ျဖစ္ေပၚေနတဲ့ အပူပိုင္းဆိုင္ကလုန္း မုန္တိုင္းေၾကာင့္ မုန္တိုင္းဒဏ္သင့္ေဒသေတြဆီကို စားနပ္ရိကၡာေတြနဲ႔ ေသာက္သုံးေရေတြ ပို႔ေဆာင္မယ့္ လုပ္ငန္းစဥ္ေတြ  ေႏွာင္းေႏွးႏိုင္တယ္လို႔ အမ်ိဳးသားအေရးေပၚ စီမံခန႔္ခြဲေရးေအဂ်င္စီ ေျပာခြင့္ရက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။ စက္တင္ဘာ ၁ ရက္ေန႔မွာ ဟာရီကိန္းမုန္တိုင္း ဒိုရီယံဟာ မုန္တိုင္းအင္အား အဆင့္ ၅၊ တစ္နာရီအမ်ားဆုံး ေလတိုက္ႏႈန္း ၁၈၅ မိုင္ႏႈန္းနဲ႔ ဘဟားမားကြၽန္းႏိုင္ငံကို ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့တာပါ။ မုန္တိုင္း ဒိုရီယံေၾကာင့္ ဘဟားမားကြၽန္းမွာ လူအေယာက္ ၅၀ ထက္မနည္းေသဆုံးခဲ့ၿပီး အေရအတြက္ ထပ္တိုးလာႏိုင္တယ္လို႔ ဘဟားမားဝန္ႀကီးခ်ဳပ္က ေျပာထားပါတယ္။ ဒါျပင္ လူေပါင္း ၁၃၀၀ ေက်ာ္ ေပ်ာက္ဆုံးေနၿပီး လက္ရွိမွာ ရွာေဖြကယ္ဆယ္ေရး၊ စားနပ္ရိကၡေထာက္ပံ့ေရးနဲ႔ ခိုလႈံေရးစခန္းေတြမွာ ေနရာခ်ထားေပးေရး စတဲ့လုပ္ငန္းစဥ္ေတြကို အဓိကလုပ္ေနတယ္လို႔ ဘဟားမားအစိုးရက ေျပာပါတယ္။ မုန္တိုင္းဒဏ္ေၾကာင့္ ဆိုးဆိုး႐ြား႐ြား ပ်က္စီးဆုံးရႈံးခဲ့ရတဲ့ ဘဟားမားကြၽန္းကို ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီဂူတာရက္စ္ကိုယ္တိုင္ လာေရာက္ၾကည့္ရႈခဲ့ၿပီး အကူအညီ ေပးသြားဖို႔ကိုလည္း ကတိျပဳခဲ့ပါတယ္။
2 years Ago
Up