ဘဟားမား

September 9, 2019

မုန်တိုင်းဒဏ်သင့် ဘဟားမားပြည်သူများအတွက် စားဖွယ် ချက်ပြုတ်လှူဒါန်း

ထင်ရှားတဲ့ အကျိုးအမြတ်မယူ အဖွဲ့အစည်းတခုဖြစ်တဲ့ World Central Kitchen ကနေ   မုန်တိုင်းဒဏ်သင့် ဘဟားမားပြည်သူတွေအတွက် စားဖွယ်တွေ ပြုလုပ်နေပါတယ်။ မုန်တိုင်းပြီးသွားတဲ့ နေ့ကစလို့  မြို့တော် နက်ဆောမှာ WCK စေတနာ့ဝန်ထမ်းတွေက မီးဖိုချောင်ထဲမှာ  ခုတ်ထစ်၊ လှီးဖြတ်၊ ကြော်လှော်ပြီး အလုပ်များနေကြတာပါ။ အဲဒီလို ချက်ပြုတ် ပြင်ဆင်နေတာကို WCK ဘုတ်အဖွဲ့အတွင်းရေးမှူး ဟာဗီးယာ ဂါစီယာက ကွင်းဆင်းကြီးကြပ်နေပါတယ်။ “ဒီနေ့မှာတော့ စားဖွယ် ၂ မျိုးကို လုပ်နေပါတယ်။ ကျနော့်နောက်က ဆန်းဒ်ဝစ်ချ် ထုတ်လုပ်ရေးလိုင်းမှာ ဒီနေ့အဖို့ ဆန်းဒ်ဝစ်ချ်ပေါင်း ၁၅,၀၀၀ ကျော် လုပ်နေပါတယ်။   နောက်ပြီး ဒီမီးဖိုချောင်ထဲမှာ hot food တွေလည်း စီစဉ်နေပါတယ်။ အမဲသား အာလူးကင် အခု ၂၀,၀၀၀ ကျော် လုပ်နေပါတယ်။ ဒီစားဖွယ်တွေကို ဖရီးပို့တ်နဲ့ အက်ဘာကိုကျွန်းတွေဆီ ဖြန့်ဝေသွားမှာပါ” လို့ ဘုတ်အဖွဲ့ဝင် အတွင်းရေးမှူးဖြစ်တဲ့ ဟာဗီးယာ ဂါစီယာက ရှင်းပြပါတယ်။ ပြင်ဆင်ချက်ပြုတ်ပြီးတဲ့ စားဖွယ်တွေကို WCK ဝန်ထမ်းတွေက ရဟတ်ယာဉ်တွေ၊ လှေတွေနဲ့ အဆိုးဆုံး မုန်တိုင်းဒဏ်သင့်နေရာတွေဆီ  နေ့စဉ် သွားရောက်ဖြန့်ဝေပေးပါတယ်။   WCK ထုတ်ပြန်ချက်အရ အခုဆိုရင် သူတို့အဖွဲ့ဟာ နေ့စဉ်စားဖွယ်ဘူး ၁ သောင်းခန့် ဝေငှနေပြီး လုပ်ငန်းအရှိန်မြှင့်လုပ်နေတာမို့ တနေ့ကို ၃ သောင်းအထိ ဝေငှသွားဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ World Central Kitchen NGO အဖွဲ့အစည်းကို လွန်ခဲ့တဲ့ ဆယ်စုနှစ်ခန့်က  နာမည်ကျော် စားဖိုမှူး ဟိုဆေးအန်ဒရေးနဲ့ ဇနီးဖြစ်သူတို့က တည်ထောင်ပြီး အဲဒီအဖွဲ့အစည်းဟာ မနှစ်က တနှစ်တည်းတင် သဘာဝဘေး ၁၃ ခု ကြုံတွေ့တဲ့ နေရာဒေသတွေဆီ စားဖွယ်တွေ ကူညီဖြန့်ဝေပေးခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version မုန္တိုင္းဒဏ္သင့္ ဘဟားမားျပည္သူမ်ားအတြက္ စားဖြယ္ ခ်က္ျပဳတ္လႉဒါန္း ထင္ရွားတဲ့ အက်ိဳးအျမတ္မယူ အဖြဲ႕အစည္းတခုျဖစ္တဲ့ World Central Kitchen ကေန   မုန္တိုင္းဒဏ္သင့္ ဘဟားမားျပည္သူေတြအတြက္ စားဖြယ္ေတြ ျပဳလုပ္ေနပါတယ္။ မုန္တိုင္းၿပီးသြားတဲ့ ေန႔ကစလို႔  ၿမိဳ႕ေတာ္ နက္ေဆာမွာ WCK ေစတနာ့ဝန္ထမ္းေတြက မီးဖိုေခ်ာင္ထဲမွာ  ခုတ္ထစ္၊ လွီးျဖတ္၊ ေၾကာ္ေလွာ္ၿပီး အလုပ္မ်ားေနၾကတာပါ။ အဲဒီလို ခ်က္ျပဳတ္ ျပင္ဆင္ေနတာကို WCK ဘုတ္အဖြဲ႕အတြင္းေရးမႉး ဟာဗီးယာ ဂါစီယာက     ကြင္းဆင္းႀကီးၾကပ္ေနပါတယ္။ “ဒီေန႔မွာေတာ့ စားဖြယ္ ၂ မ်ိဳးကို လုပ္ေနပါတယ္။ က်ေနာ့္ေနာက္က ဆန္းဒ္ဝစ္ခ်္ ထုတ္လုပ္ေရးလိုင္းမွာ ဒီေန႔အဖို႔ ဆန္းဒ္ဝစ္ခ်္ေပါင္း ၁၅,၀၀၀ ေက်ာ္ လုပ္ေနပါတယ္။   ေနာက္ၿပီး ဒီမီးဖိုေခ်ာင္ထဲမွာ hot food ေတြလည္း စီစဥ္ေနပါတယ္။ အမဲသား အာလူးကင္ အခု ၂၀,၀၀၀ ေက်ာ္ လုပ္ေနပါတယ္။ ဒီစားဖြယ္ေတြကို ဖရီးပို႔တ္နဲ႔ အက္ဘာကိုကြၽန္းေတြဆီ ျဖန႔္ေဝသြားမွာပါ” လို႔ ဘုတ္အဖြဲ႕ဝင္ အတြင္းေရးမႉးျဖစ္တဲ့ ဟာဗီးယာ ဂါစီယာက ရွင္းျပပါတယ္။ ျပင္ဆင္ခ်က္ျပဳတ္ၿပီးတဲ့ စားဖြယ္ေတြကို WCK ဝန္ထမ္းေတြက ရဟတ္ယာဥ္ေတြ၊ ေလွေတြနဲ႔ အဆိုးဆုံး မုန္တိုင္းဒဏ္သင့္ေနရာေတြဆီ  ေန႔စဥ္ သြားေရာက္ျဖန႔္ေဝေပးပါတယ္။ WCK ထုတ္ျပန္ခ်က္အရ အခုဆိုရင္ သူတို႔အဖြဲ႕ဟာ ေန႔စဥ္စားဖြယ္ဘူး ၁ ေသာင္းခန႔္ ေဝငွေနၿပီး လုပ္ငန္းအရွိန္ျမႇင့္လုပ္ေနတာမို႔ တေန႔ကို ၃ ေသာင္းအထိ ေဝငွသြားဖို႔ ရည္မွန္းထားတယ္လို႔ သိရပါတယ္။ World Central Kitchen NGO အဖြဲ႕အစည္းကို လြန္ခဲ့တဲ့ ဆယ္စုႏွစ္ခန႔္က  နာမည္ေက်ာ္ စားဖိုမႉး ဟိုေဆးအန္ဒေရးနဲ႔ ဇနီးျဖစ္သူတို႔က တည္ေထာင္ၿပီး အဲဒီအဖြဲ႕အစည္းဟာ မႏွစ္က တႏွစ္တည္းတင္ သဘာဝေဘး ၁၃ ခု ႀကဳံေတြ႕တဲ့ ေနရာေဒသေတြဆီ စားဖြယ္ေတြ ကူညီျဖန႔္ေဝေပးခဲ့ပါတယ္။
2 years Ago

September 8, 2019

ဟာရီကိန်းမုန်တိုင်းကြောင့် ဘဟားမားတွင် သေဆုံးသူ ၄၃ ဦးရှိပြီ

ဟာရီကိန်းမုန်တိုင်း ဒိုရီယံ ဝင်ရောက်မွှေနှောက်ပြီးနောက် ဘဟားမားကျွန်းစုနိုင်ငံမှာ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၄၃ ယောက်ရှိလာပြီလို့ ဘီဘီစီသတင်းဌာနမှာ ဖော်ပြပါတယ်။ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က လူ ၂၉၀ ကို ကယ်ဆယ်ထားတယ်လို့ စက်တင်ဘာလ ၆ ရက်နေ့မှာ ပြောပါတယ်။ အားပြင်းတဲ့ ဟာရီကိန်းမုန်တိုင်း ဒိုရီယံ ဖြတ်ကျော် ဝင်ရောက်အပြီးမှာတော့  ဘဟားမားကျွန်းနေရာ တော်တော်များများမှာ မိုင်ချီ ရေကြီးရေလျှံနေပြီး နေအိမ်တွေ တစစီ ပျက်စီးခဲ့တဲ့အပြင် လူတွေလည်း ပျောက်ဆုံးနေပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့မှာ ကမ်းခြေစောင့်တပ်ဖွဲ့က လေကြောင်းကနေ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်မှာ အပျက်အစီးတွေ စုပုံနေတာကို တွေ့ရပါတယ်။  မုန်တိုင်းပြီးနောက် သောင်းချီတဲ့ ဒေသခံတွေဟာ အစားအစာနဲ့ တခြား အထောက်အပံ့တွေ လိုအပ်နေတယ်လို့ အကူအညီပေးရေး အေဂျင်စီတွေက ခန့်မှန်းပါတယ်။  ဟာရီကိန်းမုန်တိုင်း ဒိုရီယံဟာ မုန်တိုင်းအင်အား အဆင့် ၅၊ ၁ နာရီကို အများဆုံး လေတိုက်နှုန်း ၂၂၀ မိုင်နှုန်းနဲ့ ဘဟားမားကျွန်းကို စက်တင်ဘာ ၂ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့တာပါ။ မုန်တိုင်း ဒိုရီယံဟာ အတ္တလန္တိတ်သမုဒ္ဒရာထဲက မှတ်တမ်းတင်ထားသမျှထဲမှာ ဒုတိယအကြီးဆုံး အင်အားပြင်း ဟာရီကိန်း မုန်တိုင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။  မုန်တိုင်းဒဏ်ကြောင့် ဘဟားမားကျွန်းပေါ်က နေအိမ်ပေါင်း ၁၃၀၀၀ ကျော် ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ဖက်ဒရေးရှင်း ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့က ပြောပါတယ်။ လက်ရှိမှာတော့ ဟာရီကိန်းမုန်တိုင်း ဒိုရီယံဟာ ၁ နာရီကို အများဆုံး လေတိုက်နှုန်း မိုင် ၉၀ ကျော်နှုန်းနဲ့ ကနေဒါနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဆီကို ဆက်ရွေ့လျားနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဟာရီကိန္းမုန္တိုင္းေၾကာင့္ ဘဟားမားတြင္ ေသဆုံးသူ ၄၃ ဦးရွိၿပီ ဟာရီကိန္းမုန္တိုင္း ဒိုရီယံ ဝင္ေရာက္ေမႊေႏွာက္ၿပီးေနာက္ ဘဟားမားကြၽန္းစုႏိုင္ငံမွာ ကယ္ဆယ္ေရးေတြ ဆက္လုပ္ေနၿပီး လက္ရွိအခ်ိန္အထိ ေသဆုံးသူ ၄၃ ေယာက္ရွိလာၿပီလို႔ ဘီဘီစီသတင္းဌာနမွာ ေဖာ္ျပပါတယ္။ အေမရိကန္ ကမ္းေျခေစာင့္တပ္ဖြဲ႕က လူ ၂၉၀ ကို ကယ္ဆယ္ထားတယ္လို႔ စက္တင္ဘာလ ၆ ရက္ေန႔မွာ ေျပာပါတယ္။ အားျပင္းတဲ့ ဟာရီကိန္းမုန္တိုင္း ဒိုရီယံ ျဖတ္ေက်ာ္ ဝင္ေရာက္အၿပီးမွာေတာ့  ဘဟားမားကြၽန္းေနရာ ေတာ္ေတာ္မ်ားမ်ားမွာ မိုင္ခ်ီ ေရႀကီးေရလွ်ံေနၿပီး ေနအိမ္ေတြ တစစီ ပ်က္စီးခဲ့တဲ့အျပင္ လူေတြလည္း ေပ်ာက္ဆုံးေနပါတယ္။ စက္တင္ဘာလ ၆ ရက္ေန႔မွာ ကမ္းေျခေစာင့္တပ္ဖြဲ႕က ေလေၾကာင္းကေန ႐ိုက္ကူးထားတဲ့ ဗြီဒီယိုဖိုင္မွာ အပ်က္အစီးေတြ စုပုံေနတာကို ေတြ႕ရပါတယ္။  မုန္တိုင္းၿပီးေနာက္ ေသာင္းခ်ီတဲ့ ေဒသခံေတြဟာ အစားအစာနဲ႔ တျခား အေထာက္အပံ့ေတြ လိုအပ္ေနတယ္လို႔ အကူအညီေပးေရး ေအဂ်င္စီေတြက ခန႔္မွန္းပါတယ္။ ဟာရီကိန္းမုန္တိုင္း ဒိုရီယံဟာ မုန္တိုင္းအင္အား အဆင့္ ၅၊ ၁ နာရီကို အမ်ားဆုံး ေလတိုက္ႏႈန္း ၂၂၀ မိုင္ႏႈန္းနဲ႔ ဘဟားမားကြၽန္းကို စက္တင္ဘာ ၂ ရက္ေန႔က ဝင္ေရာက္တိုက္ခတ္ခဲ့တာပါ။ မုန္တိုင္း ဒိုရီယံဟာ အတၱလႏၲိတ္သမုဒၵရာထဲက မွတ္တမ္းတင္ထားသမွ်ထဲမွာ ဒုတိယအႀကီးဆုံး အင္အားျပင္း ဟာရီကိန္း မုန္တိုင္းအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။ မုန္တိုင္းဒဏ္ေၾကာင့္ ဘဟားမားကြၽန္းေပၚက ေနအိမ္ေပါင္း ၁၃၀၀၀ ေက်ာ္ ဆိုးဆိုး႐ြား႐ြား ပ်က္စီးခဲ့တယ္လို႔ အျပည္ျပည္ဆိုင္ရာ ဖက္ဒေရးရွင္း ၾကက္ေျခနီနဲ႔ လျခမ္းနီအဖြဲ႕က ေျပာပါတယ္။ လက္ရွိမွာေတာ့ ဟာရီကိန္းမုန္တိုင္း ဒိုရီယံဟာ ၁ နာရီကို အမ်ားဆုံး ေလတိုက္ႏႈန္း မိုင္ ၉၀ ေက်ာ္ႏႈန္းနဲ႔ ကေနဒါႏိုင္ငံ အေရွ႕ဘက္ကမ္း႐ိုးတန္းဆီကို ဆက္ေ႐ြ႕လ်ားေနတယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။
2 years Ago
Up