ဘရွတ်ကလင်

A d v e r t i s e m e n t With Us

May 30, 2020

လူမည်းအမျိုးသားသေဆုံးမှုအပေါ် မကျေနပ်၍ ဘရွတ်ကလင်းတွင် ဆန္ဒပြ၊ လူ ၇၀ ခန့်ဖမ်းဆီးခံရ

ရဲဖမ်းဆီးမှုအတွင်း လူမည်း ဂျော့ဖလွိုက် သေဆုံးမှုကို မကျေနပ်တဲ့ ဆန္ဒပြမှုတွေ  နယူးယောက်မြို့ ဘရွတ်ကလင်းမှာ ဖြစ်ခဲ့ပြီး ဆန္ဒပြသူ ၇၀ လောက်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။ မေ ၂၉ ရက်မှာဖြစ်ပွားခဲ့တဲ့ ဘရွတ်ကလင်းဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေဟာ လူထောင်ချီ ချီတက်ခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေကို စက်ဘီးတွေနဲ့ လိုက်ပိတ်ဆို့ပြီး  တဦးချင်း လိုက်လံဖမ်းဆီးခဲ့ပါတယ်။  ဆန္ဒပြသူတွေက ဟစ်ဟော့သီချင်းတွေ သံပြိုင်ဆိုပြီး ပုလင်းတွေနဲ့ ပစ်ပေါက်တာ၊ လမ်းပိတ်ဆို့ဖို့ အတားအဆီးတွေချထားခဲ့တာကို ရဲက ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။ ဖလွိုက်သေဆုံးမှုအတွက် တရားမျှတမှုတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ အမေရိကန်ရဲ့ အဓိကမြို့ကြီးတွေမှာ ဆက်တိုက်ဖြစ်နေပြီး လူပေါင်းထောင်ချီ ပါဝင်ခဲ့သလို အိမ်ဖြူတော်ရှေ့မှာလည်း ဆန္ဒပြသူတွေ ရာချီစုရုံးခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
9 months Ago

April 10, 2020

နယူးယောက်တွင် အလောင်းများကို ယာယီရင်ခွဲရုံပို့ 

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဘရွတ်ကလင်းရပ်ကွက်က ကင်းစ်ဘရွတ်ခ် ဂျူးဆေးကုသရေးစင်တာရဲ့အပြင်ဘက်မှာ အိတ်ဖြူတွေနဲ့ ထုပ်ထားတဲ့ အလောင်းတွေကို ဧပြီ ၉ရက်က အအေးခန်းကားတွေနဲ့ ယာယီရင်ခွဲရုံဆီ ပို့ခဲ့တယ်လို့ သိရပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် နယူးယောက်ပြည်နယ် တခုတည်းမှာတင် ဧပြီ ၈ ရက်က လူ ၇၉၉ ယောက် သေဆုံးခဲ့လို့ စုစုပေါင်းသေဆုံးသူ ၇၀၆၇ ယောက် ဖြစ်သွားပါတယ်၊ အမေရိကန်ဟာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံဦးရေရော သေဆုံးသူ ဦးရေပါ ကမ္ဘာပေါ်မှာ အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။  ဧပြီ ၁၀ ရက် မနက် ၁၁ နာရီထိ အတည်ပြုချက်အရ အမေရိကန်မှာ ကူးစက်ခံ အယောက် ၄၇၀၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၁၆၇၀၀ နီးပါး ရှိနေပါပြီ။  ကမ္ဘာတလွှားမှာ ကိုရိုနာကူးစက်ခံဦးရေ ၁၆ သိန်းကျော်ရှိပြီး သေဆုံးသူ ၉ သောင်း ၆ ထောင်နီးပါးရှိပါတယ်။  ကူးစက်ခံ သေဆုံးသူ အယောက် ၁ သောင်းနဲ့အထက်ရှိတဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ အီတလီ၊ စပိန်နဲ့ ပြင်သစ်နိုင်ငံတွေ ဖြစ်ပါတယ်။ 
11 months Ago
Up