ဘရူနို ဖာနန်ဒက်စ်

January 30, 2020

ဖာနန်ဒက်စ် အပြောင်းအရွေ့ မန်ယူနိုက်တက်နှင့် စပို့တင်း သဘောတူညီချက်ရ

မန်ချက်စတာယူနိုက်တက်အသင်းကစပို့တင်း လစ္စဘွန်းကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ သဘောတူညီချက်ရသွားပါတယ်။ ယူနိုက်တက်က ကစားသမားအတွက် မူလပြောင်းရွေ့ကြေးအဖြစ် ပေါင် ၄၇ သန်းပေးရမှာ ဖြစ်ပါတယ်။  အသက် ၂၅ နှစ်အရွယ် ကွင်းလယ်သမား ဖာနန်ဒက်စ်အတွက် ဆေးစစ်မှု ခံယူဖို့နဲ့ ပုဂိလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိပြီး ဖြစ်တယ်လို့ မန်ယူနိုက်တက်က အတည်ပြုထားပါတယ်။  ဘူရူနို ဖာနန်ဒက်စ်ဟာ မန်ယူနိူက်တက်က ဒီနှစ် ဇန်နဝါရီ အပြောင်းအရွေ့မှာ ပထမဆုံး ခေါ်ယူတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။  ဖာနန်ဒက်စ်ဟာ ပေါ်တူဂီ အမှတ်ပေးလိဂ်မှာ နှစ်ရာသီဆက်တိုက် အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးထားပါတယ်။ 
1 year Ago
Up