ဘရာဇီးနိုင်ငံတောင်ပိုင်း ပါရာနာပြည်နယ်မှာ ခရီးသည် ၅၃ ယောက်ကို တင်လာတဲ့ ဘတ်စ်ကားတစီး ဇန်နဝါရီ ၂၅ ရက်က ချောက်ထဲ ထိုးကျခဲ့လို့ လူ ၁၉ ယောက်ထက် မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရပါတယ်။
သေဆုံးသူ ၁၉ ယောက်ထဲက ၁၅ ယောက်ကို ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ပြီးပြီလို့ ပါရာနာအရပ်ဘက် ရဲတပ်ဖွဲ့က ပြောပါတယ်။
ထိခိုက်သေဆုံးသူတွေကို ကူညီဖို့ အရေးပေါ်ဌာနဝန်ထမ်းတွေဟာ အခင်းဖြစ်ရာကို အမြန်ရောက်လာပါတယ်။ ဒဏ်ရာရသူ အများအပြားက အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ ချောက်ထဲ ထိုးကျရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ခရီးသည် အများစုဟာ စန်တာကာတာရီနာပြည်နယ်ထဲက ကမ်းခြေမြို့ ဘယ်နေအာရီယို ကမ်ဘိုရီအူမြို့ဆီ သွားကြသူတွေလို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။