အာဂျင်တီးနားနိုင်ငံရဲ့ သီးနှံတင်ပို့ရေး အထောက်အကူဖြစ်စေဖို့အတွက် ဘရာဇီးနဲ့ ပါရာဂွေး နှစ်နိုင်ငံ ဖက်စပ်လုပ်ကိုင်တဲ့ ရေအားလျှပ်စစ်ဆည်က ရေတွေကို မေ ၁၈ ရက်မှာ စတင်လွှတ်ပေးခဲ့ပါတယ်။
အာဂျင်တီးနားနဲ့ ပါရာဂွေး နှစ်နိုင်ငံ သီးနှံတင်ပို့ရာ အဓိကရေလမ်းကြောင်းဖြစ်တဲ့ ပါရာနာမြစ်မှာ ရေလျော့နည်းနေတာကို ထောက်ပံ့ဖို့အတွက် အီတိုင်ပူ ရေအားလျှပ်စစ်ဆည်က ရေတွေကို ရေသွယ်မြောင်းတွေကတဆင့် ပို့လွှတ်နေတာ ဖြစ်ပါတယ်။
အာဂျင်တီးနား အစိုးရရဲ့ မေတ္တာရပ်ခံချက်အရ ဘရာဇီးနဲ့ ပါရာဂွေးနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထောက်ခံ ဆုံးဖြတ်ချက်နဲ့ မေ ၁၈ ရက်ကစလို့ ၁၂ ရက်တိုင်တိုင် ဆည်ရေတွေ လွှတ်ပေးသွားမယ်လို့ အီတိုင်ပူ ရေအားလျှပ်စစ်က ပြောကြားပါတယ်။
ပါရာနာမြစ်ဟာ အာဂျင်တီးနားနိုင်ငံ လယ်ယာထွက်ကုန်တွေရဲ့ ၈၀ ရာခိုင်နှုန်းကို ပို့ဆောင်ရာမြစ် ဖြစ်ပြီး အခုအခါမှာတော့ စံချိန်တင်မြစ်ရေ ကျဆင်းနေပါတယ်။
ပါရာနာမြစ်ရဲ့ ပုံမှန်အနိမ့်ဆုံး ရေမျက်နှာပြင်ဟာ ၄ မီတာ ရှိပေမယ့် ပြီးခဲ့တဲ့ ဧပြီလက ရိုဆာရီယိုဆိပ်ကမ်း ရေမျက်နှာပြင်ဟာ ၀ ဒသမ ၅၅ စင်တီမီတာသာ ရှိခဲ့တယ်လို့ အစိုးရ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။
11 months Ago