ဘရာဇီး ဆယ်ကျော်သက်ကို လူ ၃၀ ကျော် မုဒိန်းကျင့်၊ ၄ ဦး ဖမ်းမိပြီ (ရုပ်သံ)

May 28, 2016

ဘရာဇီး ဆယ်ကျော်သက်ကို လူ ၃၀ ကျော် မုဒိန်းကျင့်၊ ၄ ဦး ဖမ်းမိပြီ (ရုပ်သံ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးမှာ ဆယ်ကျော်သက် အမျိုးသမီးတဦးကို အမျိုးသား ၃၀ ကျော်က အရင်သီတင်းပတ်က မုဒိန်းကျင့်ခဲ့ပြီး ဒီအထဲက ၄ ဦးကို ဖော်ထုတ်နိုင်ပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ အသက် ၁၆ နှစ်အရွယ်အမျိုးသမီးရဲ့ ရည်းစားလည်း ပါဝင်နေတယ်လို့ တာဝန်ရှိသူတွေက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ မုဒိန်းကျင့်ပြီးတဲ့နောက် ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ၃၈ စက္ကန့် ရုပ်သံဖိုင်ကို လူမှုရေးကွန်ရက် တွစ်တာပေါ် တင်ခဲ့ကြတဲ့ အတွက် ဒီဖြစ်ရပ်ဟာ ဘရာဇီးတနိုင်ငံလုံးကို အုတ်အော်သောင်းတင်း ဖြစ်စေခဲ့ပါတယ်။ ဗွီဒီယိုမှာပေါ်လာတဲ့ လူတဦး၊ အမျိုးသမိးရဲ့ ရည်းစားနဲ့ တခြား အမျိုးသား ၂ ဦးကိုတော့ ဖော်ထုတ်နိုင်ပြီလို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်တဲ့အတွက် ဖမ်းဆီးဖို့ ၀ရမ်းကို မထုတ်နိုင်သေးဘူးလို့ ဆိုပါတယ်။ မုဒိန်းမှုကိုသာမက ဘရာဇီးလ်ရဲ့ အင်တာနက် ဥပဒေ ချိုးဖောက်မှုကိုပါ စုံစမ်းစစ်ဆေးနေ ပါတယ်။ ယာယီသမ္မတ တာဝန်ယူထားတဲ့ မိုက်ကယ်တီမာကလည်း ဒီဖြစ်ရပ်ကို ရှုတ်ချလိုက်ပြီး လုံခြုံရေး အကြီးအကဲတွေကို အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ပါတယ်။ မုဒိန်းကျင့်ခံရပြီးတဲ့နောက် အမျိုးသမီးငယ်က ရဲစခန်းကို သွားရောက်တိုင်တန်းခဲ့ပါတယ်။ မေ ၂၁ ရက်က ရည်းစားအိမ်ကို သွားရောက်ခဲ့ပြီး နိုးလာတော့ တခြားအိမ်တခုကို ရောက်နေသလို လူ ၃၃ ဦးကိုလည်း လက်နက်တွေနဲ့တွေတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်မှာ လူ ၃၀ လား၊ ၃၃ လား ၃၆ ဦး ပါဝင်သလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရဘူးလို့ ဆိုပါတယ်။
6 years Ago
Up