ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့ ဆင်းရဲသားရပ်ကွက်တွင် မီးလောင်၊ အိမ်အများအပြားပျက်စီး

A d v e r t i s e m e n t With Us

September 14, 2016

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့ ဆင်းရဲသားရပ်ကွက်တွင် မီးလောင်၊ အိမ်အများအပြားပျက်စီး (ရုပ်သံ)

ဘရာဇီးနိုင်ငံရဲ့ လူဦးရေ အသိပ်သည်းဆုံးမြို့ဖြစ်တဲ့ ဆော်ပေါ်လိုမြို့က ဆင်းရဲသားရပ်ကွက်မှာ စက်တင်ဘာ ၁၃ ရက်က မီးလောင်ခဲ့လို့ ရာနဲ့ချီတဲ့အိမ်တွေ မီးလောင် ပျက်စီးပါတယ်။ အဲ့စတျာဒါ ဒေ အယ်ပီနာ (Estrada de Alpina) ဆင်းရဲသားရပ်ကွက်မှာ ဒေသစံတော်ချိန် ည ၈ နာရီခွဲက စပြီး မီးလောင်ခဲ့တာပါ။ အဲဒီနောက် ရာနဲ့ချီတဲ့အိမ်တွေဆီ မီးက အလျင်အမြန် ကူးစက်ခဲ့ပါတယ်။ ဒီရပ်ကွက်မှာ အိမ်ခြေ ၅၀၀ လောက် ရှိပြီး မီးသတ်သမား အယောက် ၃၀ ကျော် မီးငြှိမ်းသတ်ဖို့ ကြိုးစားခဲ့တယ်လို့ ဒေသခံမီဒီယာက ဆိုပါတယ်။ သေဆုံးဒဏ်ရာရမှု ရှိမရှိနဲ့ မီးလောင်ရတဲ့ အကြောင်းရင်းတို့ကို အစီရင်ခံမှု မရှိသေးပါဘူး။ ဘရာဇီးနိုင်ငံရဲ့ အဆင်းရဲဆုံး ဒေသခံတွေဟာ မြို့ပြဆင်းရဲသား ရပ်ကွက်တွေမှာ နေထိုင်လေ့ရှိပြီး ရပ်ကွက်အတွင်း မူးယစ်ဆေးနဲ့ ရာဇဝတ်မှုတွေလည်း ထူပြောပါတယ်။
4 years Ago
Up