ဘရာဇီးနိုင်ငံသား

May 23, 2019

ချီလီရှိ တိုက်ခန်းတခုတွင် ဓာတ်ငွေ့ယိုစိမ့်၊ ဘရာဇီးနိုင်ငံသား ၆ ဦး သေဆုံး

ချီလီနိုင်ငံ ဆန်တီယာဂိုမြို့မှာ မေလ ၂၂ ရက်နေ့က ဓာတ်ငွေ့ယိုစိမ့်တာကြောင့် ဘရာဇီးနိုင်ငံသား ခြောက်ယောက် သေဆုံးခဲ့ပါတယ်။ ဓာတ်ငွေ့ယိုစိမ့်တာကနေတဆင့် ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ အဆိပ်သင့်ပြီး ၆ လွှာ တိုက်ခန်းတခုမှာ လူကြီးလေးယောက်နဲ့ ကလေးနှစ်ယောက် သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ သေဆုံးသူအားလုံးဟာ ဘရာဇီးနိုင်ငံသားတွေ ဖြစ်တယ်လို့ သိရပေမယ့် ဘယ်သူဘယ်ဝါဆိုတာ အာဏာပိုင်တွေက စစ်ဆေးနေဆဲပါ။ လက်ရှိမှာတော့ ချီလီအာဏာပိုင်တွေက ဓာတ်ငွေ့ယိုစိမ့်တဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြပါတယ်။
3 years Ago
Up