ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း

August 23, 2018

လာဘ်စားမှုဖြင့် ဘရာဇီးဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရ

ဘရာဇီးဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဟိုးဆေး မာရီယာ မာရင်ကို သြဂုတ် ၂၃ ရက်နေ့က လာဘ်စားမှုနဲ့ ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အမေရိကန်နိုင်ငံ ဘရွတ်ကင်းတရားရုံးက သူ့ကို ထောင်ဒဏ်လေးနှစ် ချမှတ်လိုက်တာပါ။ သူဟာ ကိုပါအမေရိကားဖလားလိုမျိုး အားကစားပွဲ ရုပ်သံထုတ်လွှင့်ခွင့်နဲ့ ပတ်သက်ပြီး  အားကစားဆိုင်ရာ ဈေးကွက်မြှင့်တင်ရေး ကုမ္ပဏီတွေဆီကနေ လာဘ်ငွေရယူခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ထောင်ဒဏ် ၄ နှစ်အပြင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ဒဏ်ငွေချမှတ်ခဲ့သလို လျော်ကြေးငွေ ၃ ဒသမ ၃၄ သန်း ချမှတ်ခံခဲ့ရပါတယ်။ အခုပြစ်ဒဏ်နဲ့ပတ်သက်ပြီး အယူခံဝင်သွားမယ်လို့လည်း သူ့ရဲ့ရှေ့နေက ပြောကြားပါတယ်။ အသက် ၈၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းဟာ ၂၀၁၅ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ ဟိုတယ်တခုမှာ ဖမ်းဆီးခံခဲ့ရတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) တာဝန်ရှိသူ ၇ ဦးထဲမှာ ၁ ဦး အပါအဝင် ဖြစ်ပါတယ်။ ဆော်ပေါ်လို မြို့တော်ဝန်ဟောင်းလည်းဖြစ်တဲ့ ဟိုးဆေး မာရီယာ မာရင်ဟာ ငွေကြေးခဝါချမှု စတဲ့ ပြစ်မှု ၇ မှုနဲ့ တရားရင်ဆိုင်ခဲ့ရပြီး အမှု ၆ မှုမှာ အပြစ်ရှိကြောင်း ပြစ်ဒဏ်ချမှတ်ခံထားရသူ ဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up