ဘရာဇီးအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အိမ်ရှင် ဘရာဇီးက ကိုလံဘီယာကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
ဘရာဇီးအတွက် အဖွင့်ဂိုးကို ၁၂ မိနစ်မှာ တိုက်စစ်မှူး နေမာက အလွတ်တည်ကန်ဘောကနေ သွင်းယူပါတယ်။
ဒီဂိုးဟာ နေမာအတွက် အခုယှဉ်ပြိုင်နေတဲ့ အိုလံပစ်ပြိုင်ပွဲမှာ ပထမဆုံးသွင်းယူတဲ့ ဂိုးလည်း ဖြစ်ပါတယ်။
ဒုတိယဂိုးကို ဒုတိယပိုင်းမှာ လူရန်က သွင်းယူပြီး အနိုင်ရသွားပါတယ်။
ဘရာဇီးအသင်းဟာ ဆီမီးဖိုင်နယ်မှာ ဟွန်ဒူးရပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဥရောပတိုက်က နာမည်ကြီး ဂျာမနီကတော့ ဆီမီးဖိုင်နယ်မှာ နိုင်ဂျီးရီးယားနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဘရာဇီးအတွက်တော့ အိုလံပစ်ဘောလုံးပြိုင်ပွဲမှာ ၃ ကြိမ် ဆက်တိုက် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်တာ ဖြစ်ပါတယ်။
6 years Ago