ဘရာဇီးအသင်းခေါင်းဆောင်

A d v e r t i s e m e n t With Us

July 16, 2019

ဘရာဇီးအသင်းခေါင်းဆောင် အဲလ်ဗက်စ်ကို ခေါ်ယူရန် ပရီးမီးယားလိဂ်အသင်းများ ကြိုးပမ်း

ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဘရာဇီး အသင်းခေါင်းဆောင် ဒန်နီအဲလ်ဗက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ အသက် ၃၆ နှစ်ရှိ နောက်ခံလူ အဲလ်ဗက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့ပြီး စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမယ့် အဲလ်ဗက်စ်ကို မန်စီးတီး၊ အာဆင်နယ်နဲ့ စပါးအသင်းတွေက ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းတော့မယ်လို့ သိရပါတယ်။ အဲလ်ဗက်စ်ဟာ အသက် ၃၆ နှစ်ရှိပြီ ဖြစ်ပေမယ့်လည်း ကိုပါအမေရိကဖလားမှာ ဘရာဇီးအသင်းနဲ့အတူ ချန်ပီယံဆုဖလားရအောင် ဦးဆောင်ကစားခဲ့တာကြောင့် ပရီးမီးယားလိဂ် ကလပ်တွေက မျက်စိကျနေကြပါတယ်။
2 years Ago
Up