ဘရာဇီးအမျိုးသမီးဘောလုံးသမား

January 16, 2019

မာရာကန်နာ အားကစားရုံတွင် ဂုဏ်ပြုခံရသည့် ပထမဆုံး အမျိုးသမီး ဘောလုံးသမား မာတာ

ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားအဖြစ် ၆ ကြိမ် အရွေးခံခဲ့ရတဲ့ ဘရာဇီး အမျိုးသမီး ဘောလုံးသမား မာတာဟာ နာမည်ကြီး မာရာကန်နာ အားကစားရုံမှာ ဂုဏ်ပြုခံရတဲ့ ပထမဆုံး အမျိုးသမီး ဘောလုံးသမား ဖြစ်လာပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက မာရာကန်နာ ဂုဏ်ပြုခန်းမမှာ ဂုဏ်ပြုခံခဲ့ရတာပါ။ ဒါ့အပြင် သူ့ခြေရာကိုလည်း ဂုဏ်ပြုလျှောက်လမ်းထက်မှာ နာမည်ကြီး ဘောလုံးသမား ပီလီ၊ တောင်ကိုရီးယားရက်ပ်ပါ၊ ဇီကိုတို့ရဲ့ ခြေရာတွေနဲ့အတူ တွေ့ရပါတယ်။ မာရာကန်နာ အားကစားရုံ အကြီးအကဲက မာတာကို ဘုရင်မ လို့ ခေါ်ဝေါ်သုံးနှုန်းပြီး အခုလို နေရာပေး ဂုဏ်ပြုရတာကို အလွန်ပျော်မိတယ်လို့ ဆိုပါတယ်။ အဲဒီ မာတာဂုဏ်ပြုပြခန်းမှာ မာတာရဲ့ ခြေရာတွေအပြင် သူ့ရဲ့ ဘောလုံးသမားဘဝ အမှတ်တရပစ္စည်းတွေဖြစ်တဲ့ ဖိနပ်တွေ၊ ရှပ်အင်္ကျီတွေနဲ့ ဆုဖလားတွေကိုလည်း ပြသထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up