ဘရာဇီးအစိုးရကို ပြည်သူများ ဆန္ဒပြ

December 6, 2017

ဘရာဇီးအစိုးရကို ပြည်သူများ ဆန္ဒပြ

ဘရာဇီးအစိုးရရဲ့ လူမှုဖူလုံရေးစနစ် ပြုပြင်ပြောင်းလဲမှုကို မကျေနပ်တဲ့ လူအများအပြားဟာ ဒီဇင်ဘာ ၅ ရက်နေ့က  မြို့တော် ဆော်ပေါ်လိုမှာ ဆန္ဒပြခဲ့ကြပါတယ်။ အခုဆန္ဒပြမှုကို ဘရာဇီး အိမ်ခြေရာမဲ့ အလုပ်သမားလှုပ်ရှားမှု MST အဖွဲ့က ဦးဆောင်လှုပ်ရှားတာ ဖြစ်ပြီး၊ အစိုးရရဲ့ ပင်စင်စနစ် ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ လူမှုဖူလုံရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတာကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။   အခုဆန္ဒပြပွဲကို ဦးဆောင်တဲ့ MST အဖွဲ့ခေါင်းဆောင်ဟာ ဘရာဇီး ဆိုရှယ်လစ် ဒီမိုကရက်တစ်ပါတီကနေ သမ္မတ ရွေးကောက်ပွဲဝင်ဖို့ အလားအလာ ရှိနေသူလည်း ဖြစ်ပါတယ်။ ဘရာဇီးလွှတ်တော်က လူမှုဖူလုံရေးဥပဒေကို ပြဋ္ဌာန်းဖို့ ကြိုးစားပါက ဘရာဇီးနိုင်ငံကို ရပ်တန့်သွားအောင် လုပ်ဆောင်သွားမယ်လို့ MST အဖွဲ့ခေါင်းဆောင် ဂီယာမေဘူလိုစ်က ပြောကြားထားပါတယ်။ “တကယ်လက်တွေ့မှာတော့ ဒီပြုပြင်ပြောင်းလဲမှုဟာ သန်းနဲ့ချီတဲ့ ဘရာဇီးပြည်သူတွေရဲ့ ပင်စင်ယူခွင့် ဆိုတာကို ဖျက်ဆီးပစ်လိုက်တာပါ။ အစိုးရအပြောက ဒီလုပ်ရပ်ဟာ အခွင့်ထူးခံတွေကို တိုက်ခိုက်တာလို့ ဆိုပါတယ်။ ဒါ လိမ်တာ။ ဗြောင်လိမ်တာပါ။ အခွင့်ထူးခံ ဆိုတဲ့လူတွေက စစ်တပ်မှာ၊ တရားစီရင်ရေးက ထိပ်ပိုင်းလူတွေမှာ၊ ပါလီမန်ထဲမှာပဲ ရှိတာပါ။ ဒီပြုပြင်ပြောင်းလဲမှုက အဲဒီလူတွေကို ထိမှာ မဟုတ်ပါဘူး။ သာမန်ပြည်သူတွေရဲ့ ပင်စင်အနားယူမှုကိုပဲ တိုက်ခိုက်လိုက်တဲ့ ပြုပြင်ပြောင်းလဲမှုပါ။ ဒါကြောင့် ကျနော်တို့ ထွက်ပြီး ဆန္ဒပြကြတာပါ။ လွှတ်တော်က အတည်ပြုမဲခွဲဖို့ ကြိုးစားရင်တော့ ဘရာဇီးနိုင်ငံ ရပ်တန့်သွားအောင် ကျနော်တို့ လုပ်သွားမယ်” လို့ MST အဖွဲ့ရဲ့ ခေါင်းဆောင် ဂီယာမေဘူလိုစ်က ပြောကြားသွားတာ ဖြစ်ပါတယ်။
3 years Ago
Up