ဘရာဇီးသမ္မတဟောင်းကို ငွေကြေးခ၀ါချမှုဖြင့် ရုံးတင်

March 10, 2016

ဘရာဇီးသမ္မတဟောင်းကို ငွေကြေးခ၀ါချမှုဖြင့် ရုံးတင်

ဘရာဇီးသမ္မတဟောင်း လူလား ဒ ဆေးလ်ဗား (Lula da Silva) ကို ငွေကြေးခ၀ါမှုစွဲချက်နဲ့ ရုံးတင်လိုက်ပြီလို့ ဆော်ပိုလိုမြို့ အစိုးရရှေ့နေများ ပြောခွင့်ရက မတ်လ ၉ ရက်နေ့မှာ ပြောပါတယ်။ သမ္မတဟောင်း လူလားကတော့ သူ့ရဲ့ သမ္မတလက်ထက်အတွင်း အဂတိ လိုက်စားတာ၊ ငွေကြေးကိစ္စ မရိုးမသားလုပ်တာ ဘာတခုမှ မရှိခဲ့ဘူးလို့ ငြင်းဆိုထားပြီး သူ့ကို အခုလို စွဲချက်တင်တာဟာ နိုင်ငံရေးရည်ရွယ်ချက်တွေ ပါတယ်လို့ ပြောဆိုပါတယ်။ အခုလို သမ္မတဟောင်း လူလားကို စွဲချက်တင်တဲ့ကိစ္စဟာ နိုင်ငံပိုင် ရေနံကုမ္ပဏီကြီး ပက်ထရိုဘရာ့စ် (Petrobras) ငွေကြေးအရှုပ်တော်ပုံနဲ့ ပတ်သက်ပါတယ်။ သူနဲ့ သူ့ဇနီးတို့ ၂ ဦးကို ဆော်ပိုလိုမြို့ အရှေ့ပိုင်းက ဂွာရူးဂျာ (Guaruja) ကမ်းခြေမြို့မှာ တန်ဖိုးကြီးအိမ်ရာ ပိုင်ဆိုင်မှုနဲ့ စစ်ဆေးမေးမြန်းခံနေရတာပါ။ ဆော်ပိုလိုမြို့ အစိုးရရှေ့နေတွေက အဂတိလိုက်စားမှုနဲ့ ရုံးတင်ထားရသူ အစိုးရနဲ့ အာဏာရပါတီခေါင်းဆောင် ၁၆ ဦးမှာ ပါဝင်ပြီး သူတို့ရဲ့ သားတဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ သမ္မတဟောင်း လူလားဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ သမ္မတတာဝန်ယူခဲ့ပြီး လက်ရှိသမ္မတ ရူးဆက်ဇ်ကို တာဝန်လွှဲပြောင်းခဲ့ပါတယ်။ အရင်က စက်ရုံလုပ်သားတဦးဖြစ်ခဲ့ပြီး အဂတိလိုက်စားမှုတွေနဲ့ တခြားပါတီခေါင်းဆောင်တွေကို စွပ်စွဲရုံးတင်ခံရပေမယ့် ဘရာဇီးပြည်သူတွေ အကြားမှာတော့ လူကြိုက်များ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။
6 years Ago
Up