ဘရာဇီးလ်နိုင်ငံ

June 2, 2017

ဘရာဇီးလ်နိုင်ငံ လေဆိပ်တွင် စစ်သုံးလက်နက်များ စံချိန်တင် ဖမ်းမိ

ဘရာဇီးလ်နိုင်ငံ ရီယိုဒီ ဂျနေရိုမြို့ နိုင်ငံတကာ လေဆိပ်က ရဲတွေဟာ စစ်သုံးလက်နက်တွေကို စံချိန်တင် ဖမ်းဆီးရမိခဲ့တယ်လို့ အရာရှိတွေက ဇွန် ၁ ရက်နေ့ အစီရင်ခံပါတယ်။ ဒီလက်နက်တွေဟာ ခေတ်မီ နိုင်ငံတကာ လက်နက် မှောင်ခိုကူးမှုရဲ့ အစိတ်အပိုင်းလို့ ဘရာဇီးအာဏာပိုင်တွေက ယုံကြည်တယ်လို့လည်း ပြောပါတယ်။ အမေရိကန်နိုင်ငံ မိုင်ယာမီက ပို့လိုက်တဲ့ ရေကန် အနွေးပေးစက်တွေကို ထည့်ထားတဲ့ ကုန်သေတ္တာထဲကနေ သေနတ် အလက် ၆၀ ကို တွေ့ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လူ ၄ ယောက်ကို ဖမ်းထားပါတယ်။ ဘရာဇီးနိုင်ငံသား တယောက်ကို မိုင်ယာမီမှာ စုံစမ်းစစ်ဆေးနေပါတယ်။ ဖမ်းမိတဲ့ လက်နက်တွေထဲမှာ AK-47နဲ့ AR-15 သေနတ်တွေလည်း ပါပါတယ်။ ရီယိုမြို့က ရဲတွေက ဒီလက်နက်တွေကို ရာဇဝတ်မှု တိုက်ဖျက်ရေးမှာ ပြန်သုံးမယ်၊ ရဲတပ်ဖွဲ့အတွက် ဘဏ္ဍာရေး ဖြတ်တောက်မှုကို ထေမိအောင် ကူညီတယ်လို့ ဒေသခံ မီဒီယာတွေက ဆိုပါတယ်။
4 years Ago
Up