ဘရာဇီးလူငယ်

July 10, 2018

ဘရာဇီးလူငယ် ကွင်းလယ်ကစားသမား အာသာကို ဘာစီလိုနာ ခေါ်ယူ

ဘာစီလိုနာအသင်းဟာ ဘရာဇီးကလပ် ဂရီမီယို ကွင်းလယ်ကစားသမား အာသာကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားပါတယ်။ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်ကစားသမား အာသာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းခွဲရှိပြီး ၆ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။ ဘာစီလိုနာအသင်းဟာ ကွင်းလယ်လူ ပေါ်လင်ဟို တရုတ် ကလပ်အသင်းကို ပြန်သွားပြီး နောက်တရက်မှာ ဘရာဇီးလူငယ် ကွင်းလယ်ကစားသမား အာသာကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ အာသာဟာ ၂၀၁၀ မှာ ဂရီမီယိုအသင်းကို ၂၀၁၀ ခုနှစ်မှာ ရောက်ရှိလာတာပါ။ သူဟာ ဂရီမီယိုက အာဂျင်တီးနားကလပ် လာနပ်ကို အနိုင်ရတဲ့ ပြီးခဲ့တဲ့ ကိုပါဖလား ဗိုလ်လုပွဲမှာ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ အာသာဟာ ဂရီမီယိုအသင်းအတွက် ၆၆ ပွဲမှာ ၆ ဂိုး သွင်းယူထားပါတယ်။
3 years Ago
Up