ဘရာဇီးလ်နိုင်ငံ အရှေ့တောင်ပိုင်း ကမ်ပီးနာ့စ် (Campinas) မြို့မှာ ဒီဇင်ဘာ ၃၁ ရက်နေ့က နှစ်သစ်ကူးပွဲ ကျင်းပနေတဲ့ နေအိမ်တလုံးကို သေနတ်သမားတဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။
အဲဒီနောက် သေနတ်သမားဟာ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့ပါတယ်။
မိသားစု နှစ်သစ်ကူးပွဲတော် ကျင်းပနေစဉ် ညဥ့်သန်းခေါင်ယံလောက်မှာ သေနတ်သမားရောက်လာပြီး ရုတ်တရက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ဆော်ပေါ်လို (São Paulo) ရဲတပ်ဖွဲ့ကတော့ သေနတ်သမားဟာ ဇနီးဖြစ်သူက လမ်းခွဲသွားတဲ့အတွက် စိတ်ဆိုးပြီး အခုလို လာရောက်ပစ်ခတ်တာလို့ ပြောပါတယ်။
အခုသေဆုံးသူ ၁၁ ဦးထဲမှာ သေနတ်သမားရဲ့ ဇနီးဟောင်းနဲ့ အသက် ၈ နှစ်အရွယ် သားငယ်လည်း ပါဝင်ပါတယ်။
ဘရာဇီးနိုင်ငံမှာ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေ မြင့်တက်နေပေမယ့် အခုလို မိသားစုဝင်အချင်းချင်း ပစ်ခတ်သတ်ဖြတ်တာဟာ ပုံမှန်ဖြစ်လေ့ဖြစ်ထမဟုတ်ကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
6 years Ago